ဗီယက်နမ်ပြည်ပလုပ်သား အိမ်ပြန်ပို့ငွေ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယံ ရရှိ


10 February, 2024

ဗီယက်နမ်ပြည်ပလုပ်သား အိမ်ပြန်ပို့ငွေ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယံ ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အာရှဒေသရှိ ဗီယက်နမ် အလုပ်သမားများထံမှ ငွေလွှဲပို့မှုများ တိုးလာခြင်းနှင့် ပင်လယ်ရပ်ခြားသို့ အလုပ်သမား တင်ပို့မှု ပိုများလာခြင်းတို့ကြောင့် ပြည်ပမှ ဗီယက်နမ်သို့ ငွေလွှဲပို့မှု စုစုပေါင်း ပမာဏ ပြီးသည့်နှစ်က  စံချိန်တင် မြင့်မားခဲ့သည်။

ဗီယက်နမ်နိုင်ငံ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Dao Xuan Tuan က ပြည်တွင်းသို့ ငွေလွှဲပို့မှုသည် ပြီးခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ စံချိန်တင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၃၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပြောကြားသည်။

 

ဟိုချီမင်းစီးတီးသို့ ပြည်ပမှ ပေးပို့သည့်ငွေများသည် ဗီယက်နမ်သို့ ပြည်ပမှ ပေးပို့သည့်ငွေ စုစုပေါင်းပမာဏ၏  ၆၀% နီးပါးမျှ ရှိခဲ့ပြီး ကန်ဒေါ်လာ ၉.၄၆ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ဟိုချီမင်းစီးတီး မြို့တော်အဖို့ ၁၀ နှစ်ကြာ ကာလအတွင်း ပြည်ပမှ ငွေလွှဲပေးပို့သည့် ပမာဏ စံချိန်တင်မြင့်မားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ငွေလွှဲပမာဏသည် မြို့တော်မှ ရရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု၏ ၂ ဒသမ ၇ ဆးရှိသည်။

နိုင်ငံခြားတွင် အလုပ်နှင့် ပညာသင်ကြားနေသော ဗီယက်နမ်ဦးရေသည် ပျမ်းမျှ ၁၃၀,၀၀၀ မှ ၁၅၀,၀၀၀ ရှိပြီး ယမန်နှစ်က ၁၅၈,၀၀၀ ရှိခဲ့ပါသည်။

 

၂၀၂၃ ခုနှစ်တွင် ငွေလွှဲပမာဏ တိုးများခဲ့သည့်  အဓိက အကြောင်းတရားမှာ အာရှဒေသရှိ ဗီယက်နမ် လုပ်သားများထံမှ ပေးပို့သည့်ပမာဏ သိသိသာသာ ပိုများခဲ့ခြင်း ဖြစ်သည်။ 

အာဖရိကနှင့် အမေရိက ဒေသများသည် လျော့နည်းသွားသည်။ အမေရိကသည် ၁၀.၂% လျော့ကျခဲ့သည်။

HCMC သို့ ငွေလွှဲပမာဏ စုစုပေါင်း၏ ထက်ဝက်ကျော် (၅၀.၅%)ကို အာရှဒေသရှိ ဗီယက်နမ် လုပ်သားများထံမှ ပေးပို့ခဲ့သည်။

အမေရိကမှ ၂၉.၁ ရာခိုင်နှုန်း ပေးပို့ခဲ့သည်။

 

အာရှဒေသတွင် အကြီးမားဆုံး လုပ်သားဈေးကွက် ၃ ခုမှာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ ဖြစ်ပါသည်။

 

Global Knowledge Partnership on Migration and Development မှ ထုတ်ပြန်သော အချက်အလက်များအရ ငွေလွှဲပမာဏ အများဆုံး ရရှိသည့် နိုင်ငံမှာ အိန္ဒိယ ဖြစ်ပြီး ဒုတိယ အများဆုံးမှာ မက္ကဆီကို ဖြစ်သည်။ တရုတ် သည် တတိယအများဆုံး ဖြစ်သည်။ ထို့နောက် ဖိလစ်ပိုင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်း၊ ဗီယက်နမ်တို့ အစဉ်အတိုင်း ရှိနေသည်။

 

Source VNA, vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Banking & Loan Labour Affairs Read 320 times