တောင်ကိုရီးယားတွင် ရွေ့ပြောင်းလုပ်သား ၁၃၂,၀၀၀ ကျော် နေထိုင်ခွင့်ကာလ တိုးမြှင့်


28 March, 2022

တောင်ကိုရီးယားတွင် ရွေ့ပြောင်းလုပ်သား ၁၃၂,၀၀၀ ကျော် နေထိုင်ခွင့်ကာလ တိုးမြှင့်


တောင်ကိုရီးယား အစိုးရက ရွှေ့ပြောင်းလုပ်သား ဦးရေ ၁၃၂,၀၀၀ ကျော်တို့ရဲ့ နေထိုင်ခွင့်ကာလကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ပါတယ်။

တိုင်းပြည်မှာ စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစားလုပ်ငန်းများမှာ လုပ်သားမလုံလောက်တဲ့ ပြဿနာ သက်သာရာ ရစေဖို့အတွက် ဖြစ်ပါတယ်လို့ အာဏာပိုင်တို့က မတ်လ ၂၈ ရက် တနင်္လာနေ့မှာ ပြောကြားခဲ့တယ်လို့ The Korea Times သတင်းမီဒီယာက သတင်းဖော်ပြထားပါတယ်။

နေထိုင်ခွင့် ဧပြီလ ၁၃ ရက် နှင့် ဒီဇင်ဘာလ ၃၁ ရက်ကြားတွင် ကုန်ဆုံးပြီး  နေထိုင်ခွင့်ကာလ ပထမဆုံးအကြိမ် တိုးမြှင့်ခြင်း ရရှိမယ့် ရွှေ့ပြောင်းလုပ်သား ဦးရေ ၁၃၂,၀၀၀ ဝန်းကျင်တို့ တောင်ကိုရီးယားမှာ နောက်ထပ်တစ်နှစ် ဆက်လက်နေထိုင်ခွင့် ရရှိကြမှာ ဖြစ်ပါတယ်လို့ အလုပ်သမားနှင့် တရားရေးဝန်ကြီးဌာနများက ပြောကြားပါတယ်။

ယခင်က နေထိုင်ခွင့် သက်တမ်း တစ်နှစ်တိုးထားပြီးတဲ့သူများအနေဖြင့် ဧပြီလ ၁၃ ရက်နှင့် ဇွန်လ ၃၀ ကြား နေထိုင်ခွင့် ကုန်ဆုံးရင် ရက် ၅၀ သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။

အဆိုပါပြည်ပလုပ်သားများရဲ့ နေထိုင်ခွင့်ကာလကို အလိုအလျောက် တိုးပေးသွားမှာ ဖြစ်ပေမဲ့ အလုပ်ရှင်များက အွန်လိုင်းမှ ဖြစ်စေ၊ သက်ဆိုင်ရာ အလုပ်အကိုင်ဌာနများမှ တစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်း လျှောက်ထားခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

The Korea Times

တောင်ကိုရီးယားသို့ အထွေထွေလုပ်သား စေလွှတ်မှု ပြန်လည်စတင်


ဒီဇင်ဘာ၂၉ရက်တွင် တောင်ကိုရီးယားသို့ အထွေထွေလုပ်သားပြန်လည်စေလွှတ်ခဲ့ရာ အထွေထွေလုပ်သား ၃၀၀ ဦး ဝန်းကျင် စေလွှတ်ခဲ့ပြီးသည့်နောက်  ဖေဖော်ဝါရီလတွင် စေလွှတ်သည့် အထွေထွေလုပ်သားများတွင် ကိုဗစ်ပိုး တွေ့ရှိသဖြင့် ယာယီ ပြန်လည်ရပ်နားထားခဲ့ရပါသည်။ 
ကိုရီးယားသို့ အထွေထွေလုပ်သား စေလွှတ်ခြင်းကို  မတ်လ ၂၅ ရက်တွင် အထွေထွေလုပ်သား၁၅ ဦးဖြင့် ပြန်လည်စတင်ခဲ့ပါသည်။
တောင်ကိုရီးယားသို့ သွားရောက်မည့် အထွေထွေလုပ်သားများသည် မိမိစရိတ်ဖြင့် သီးသန့်ကွာရန်တင်းဝင်ရမည်ဖြစ်ရာ ယခင်ထက် ကုန်ကျစရိတ် ပိုများနိုင်ပါသည်။
 ဧပြီ ၃ ရက်တွင် အထွေထွေလုပ်သား ၉၈ ဦး အား ထပ်မံစေလွှတ်ရန် ရှိကြောင်း သိရသည်။

 

 

Labour Affairs Read 373 times