ထိုင်းလက်လီလုပ်ငန်း OR ရဲ့ ၁၀ နှစ်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ထုတ်ပြန်ကြေညာ


19 March, 2022

ထိုင်းလက်လီလုပ်ငန်း OR ရဲ့ ၁၀ နှစ်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ထုတ်ပြန်ကြေညာ

၁၀ နှစ်တာ ကာလအတွင်း ဘတ် ၂၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ့် အစီအစဉ်ကို ထိုင်းနိုင်ငံမှ လက်လီအရောင်းလုပ်ငန်း PTT Oil and Retail Business (OR) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စက်သုံးဆီလက်လီအရောင်းဆိုင်များအပြင် Cafe Amazon  ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်ခြင်းနှင့် လျှပ်စစ်မော်တော်ယာဉ်များအတွက် အားသွင်းရုံမျာဖြင့်း ဝန်ဆောင်မှု ပေးအပ်ခြင်းတို့ကိုပါ တိုးချဲ့လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ 
လျာထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ် ၂၀၀ ဘီလျံရဲ့ ၃၆% ကို ရွေ့လျားသွားလာနိုင်မှုနှင့် နှီးနွှယ်တဲ့ လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံသွားတယ်လို့ OR ရဲ့ အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဖြစ်သူ Jiraphon Kawswat က ပြောကြားပါတယ်။
နောက်ထပ် ၂၂% ကို ဘဝနေထိုင်မှုပုံစံဆိုင်ရာ လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု ပြုမှာ ဖြစ်ပြီး ၂၈% ကို ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်သစ်များ ဖွံ့ဖြိုးရေးအတွက် အသုံးချသွားမှာ ဖြစ်ပါတယ်။ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုအတွက် ၁၄% ကို သုံးစွဲမှာ ဖြစ်ပါတယ်လို့ ၎င်းက ပြောကြားပါတယ်။ 
ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကာလက ၂၀၂၀ မှ ၂၀၃၀ ခုနှစ်အထိ ၁၀ နှစ်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ စွမ်းအင်လုပ်ငန်းကြီး PTT က ပြည်ပတွင် ကော်ဖီဆိုင် ၁,၀၀၀ ဖွင့်ရန် လျာထား

https://www.industrialdirectory.com.mm/article/-ptt-cafe-amazon.html

ယခင်က ဘတ် ၉၃.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် ၅နှစ်တာ အစီအစဉ်ကို OR  က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုအစီအစဉ်မှာ ကော်ဖီဆိုင်လုပ်ငန်းနှင့် စက်သုံးဆီလက်လီ အရောင်းဆိုင်လုပ်ငန်းများ ပါဝင်ပါတယ်။ 
ကုမ္ပဏီက အော်ဂဲနစ် အသုပ်ဆိုင်လုပ်ငန်း Ohkajhu ကို လုပ်ကိုင်နေတဲ့ Pluk Phak Praw Rak Mae Co ရဲ့ အစုရှယ်ယာ ၂၀% ကို ၂၀၂၁ မှာ ဝယ်ယူခဲ့ပြီး Ohkajhu ရဲ့ အသုပ်ဟင်းလျာများကို ကုမ္ပဏီရဲ့ ကော်ဖီဆိုင်တွေမှာ ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။ 
ပြည်တွင်းမှာသာမက မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချိုုတို့မှာပါ ဖွင့်လှစ်ထားတဲ့ Cafe Amazon ဆိုင်များကို ၃၈၉ ဆိုင် ထပ်တိုး ဖွင့်လှစ်ဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။ 
OR က ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်တို့မှာ ရင်းနှီးမြှုပ်နှံမှု ပြုဖို့ ရည်ရွယ်ထားပါတယ်။ 
ထို့ပြင် ဈေးကွက်ကြီးမားတဲ့ အင်ဒိုနီးရှား၊ တရုတ်နှင့် အိန္ဒိယတို့မှာလည်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ 
ပြည်ပနိုင်ငံများရှိ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သွားဖို့ OR  က စီစဉ်နေပါတယ်။ 
"ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှု ပြုတဲ့ နိုင်ငံတစ်ခုစီမှာ ကျွန်မတို့ ဖက်စပ်လုပ်ငန်း အနည်းဆုံး တစ်ခုတော့ ရှိဖို့ မျှော်မှန်းထားပါတယ်" လို့ Ms Jiraphon က ပြောကြားပါတယ်။ 

လျှပ်စစ်မော်တော်ယာဉ် ကဏ္ဍမှာတော့ လျှပ်စစ်မော်တော်ယာဉ်များအတွက် အားသွင်းရုံတွေ အရေအတွက် တိုးမြှင့်လုပ်ကိုင်သွားမှာ ဖြစ်ပြီး PTT စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားဆီလျော်တဲ့နေရာများမှာ အာသွင်းရုံ စုစုပေါင်း ၄၅၀ ထားရှိလုပ်ကိုင်ဖို့ လျာထားပါတယ်။

Investment/Divestment Read 577 times