ရုံးပြောင်းရွှေ့ခြင်း၊ ရုံးခွဲ ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ဗဟိုဘဏ် ထုတ်ပြန်


06 August, 2021

ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ရုံးပြောင်းရွှေ့ခြင်း၊ ရုံးခွဲ ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ တင်ပြလျှောက်ထားရန်ကိစ္စ

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက်ပါ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များအတွက် ညွှန်ကြားချက်အား ၂၆-၁-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၂။ အကြောင်းအရာပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်၊ အပိုဒ် ၁၁(ဂ) တွင် ရုံးချုပ် သို့မဟုတ်  ရုံးခွဲများကို မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုခုသို့ ပြောင်းလဲဖွင့်လှစ်ခြင်း၊ အပိုဒ် ၁၁(ဃ) တွင်
 ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၏ ရုံးခွဲသစ်များဖွင့်လှစ်ခြင်းနှင့် ရုံးခွဲများပိတ်သိမ်းခြင်းတို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဟု သတ်မှတ်ထားပါသည်။

၃။ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးချုပ် သို့မဟုတ် ရုံးခွဲများကို မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုခုသို့ ပြောင်းလဲဖွင့်လှစ်ခြင်းအတွက်သော်လည်းကောင်း၊ ရုံးခွဲသစ်များဖွင့်လှစ်ခြင်းအတွက်သော်လည်းကောင်း ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရာတွင် အောက်ပါတို့ကိုပူးတွဲ၍ တင်ပြလျှောက်ထားရမည်

(ကနောက်ဆက်တွဲပါ လျှောက်လွှာပုံစံ

(ခ) ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊

(ဂ) ဖြစ်နိုင်ခြေလေ့လာချက်နှင့် ဈေးကွက်အလားအလာ၊

(ဃ) ရုံးခန်းဖွင့်လှစ်မည့်နေရာနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် အထောက်အထား ဓာတ်ပုံများ၊

(င).လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေ။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၆-၁-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၃/၂၀၁၇) အရ ရုံးခွဲတစ်ခုဖွင့်လှစ်ခြင်းအတွက် အခကြေးငွေကျပ် ၂၀၀,၀၀၀ ပေးသွင်းပြီးကြောင်း အထောက်အထားကို ပူးတွဲတင်ပြရမည်။

၅။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးခွဲများပိတ်သိမ်းခြင်းအတွက် အောက်ပါတို့ကို ပူးတွဲ၍ တင်ပြလျှောက်ထားရမည်

(က) ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊

(ခ) ပိတ်သိမ်းလိုသည့်အကြောင်းရင်း

(ဂ) ပိတ်သိမ်းမည့်ရုံးခွဲ၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်/လုပ်ငန်းစီမံချက်။

(အောက်ဆုံးတွင် မူရင်း PDF ဖော်ပြပေးထားပါသည်)


 

Banking & Loan Laws and Regulations Read 2147 times