မြန်မာနိုင်ငံ ကမ္ဘာ့အကြီးဆုံး ဘိန်းရင်းမြစ်ဖြစ်လာ


13 December, 2023

 မြန်မာနိုင်ငံ ကမ္ဘာ့အကြီးဆုံး ဘိန်းရင်းမြစ်ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု လျော့ကျခြင်းနှင့် မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်ငြိမ်မှုများကြောင့် ဘိန်းစိုက်ပျိုးမှု တိုးလာခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဘိန်းရင်းမြစ်ဖြစ်လာကြောင်း အင်္ဂါနေ့ (ဒီဇင်ဘာ ၁၂)က ထုတ်ပြန်သည့် ကုလသမဂ္ဂ  မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး U.N. Office on Drugs and Crime (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် တာလီဘန်တို့က မူးယစ်ဆေးဝါး  တားဆီးပိတ်ပင်မှုအပြီး အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ၉၅% ကျဆင်းလာခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၂၁  ခုနှစ် အာဏာသိမ်းမှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘိန်းစိုက်ပျိုးမှု များပြားလာသဖြင့် ကမ္ဘာ့ဘိန်းထုတ်လုပ်မှုသည်  မြန်မာနိုင်ငံသို့  ပြောင်းရွှေ့သွားသည်ဟု ဖော်ပြထားသည်။
 
ဘိန်းဈေးသည် ပျမ်းမျှ တစ်ကီလိုလျှင် ၃၅၅ ကန်ဒေါ်လာခန့်အထိ ရောက်ရှိနေသောကြောင့် ဘိန်းစိုက်တောင်သူများ ၇၅ ရာခိုင်နှုန်း ပိုမိုရရှိကြသည်။ 
ဘိန်းခင်း စိုက်ပျိုးဧရိယာ ယမန်နှစ်က ၄၀,၁၀၀ ဟက်တာ ရှိခဲ့ပြီး ယခုနှစ်တွင် ဟက်တာ ၄၇,၀၀၀ ဖြစ်လာသည်။ ၁၈% ပိုများလာသည်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း အထွက်နှုန်း အများဆုံးဟု UNODC က ပြောကြားသည်။

 

 ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု ဧရိယာ အများဆုံး ဖြစ်သည်။ 
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စိုက်ခင်းဧရိယာ အများဆုံး တိုးခဲ့သည်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း ပိုများလာသည်။

 

ပိုမိုခေတ်မီသော စိုက်ပျိုးရေးနည်းစနစ်များကြောင့် တစ်ဟက်တာလျှင် အထွက်နှုန်း ၁၆% တိုးပြီး  ၂၂.၉ ကီလိုဂရမ်အထိ ထွက်သည်ဟု UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။


Source UNODC
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 227 times