OPEC+ နိုင်ငံများ ရေနံစိမ်း လျှော့ချတင်ပို့မှု သက်တမ်းတိုး


04 March, 2024

OPEC+ နိုင်ငံများ ရေနံစိမ်း လျှော့ချတင်ပို့မှု သက်တမ်းတိုး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဆော်ဒီအာရေဗျ ဦးဆောင်သော OPEC အဖွဲ့ဝင် နိုင်ငံအချို့နှင့် ရုရှား ဦးဆောင်သော မဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ဆန္ဒအလျောက် ရေနံစိမ်း တင်ပို့မှု လျှော့ချထားသည့်ကာလကို သက်တမ်းတိုးမြှင့်လိုက်ပါသည်။ 

 

OPEC+ နိုင်ငံအချို့မှ ကြေညာချက်များအရ  တစ်ရက်လျှင် စည်ပေါင်း ၂.၂ သန်းခန့် လျှော့ချထားမည် ဖြစ်ပါသည်။

 

ဆော်ဒီအာရေဗျသည် ရေနံစိမ်း တရက်လျှင် စည်ပေါင်း ၁ သန်း လျှော့ချတင်ပို့သည့်ကာလကို ယခင်က သက်တမ်းတိုးခဲ့ပြီး ယခုအခါ ၂၀၂၄ ခုနှစ်ဒုတိယ၃ လပတ် ပြီးဆုံးသည့် ဇွန်လကုန်အထိ သက်တမ်းတိုးကြောင်း နိုင်ငံပိုင် မီဒီယာ Saudi Press Agency မှ သတင်းဖော်ပြခဲ့ပါသည်။ 

သို့ဖြစ်ရာ ဆော်ဒီအာရေဗျနိုင်ငံသည် ဇွန်ဘကုန်အထိ တရက်လျှင် စည်ပေါင်း ၉ သန်းအထိသာ တင်ပို့မည် ဖြစ်သည်။ 

မတ်လ ၃ ရက်တွင် ရုရှားနိုင်ငံကလည်း ဒုတိယ၃ လပတ်တွင် ထုတ်လုပ်တင်ပို့မှုကို နောက်ထပ် ထပ်တိုးပြီး တရက်လျှင် စည်ပေါင်း ၄၇၁,၀၀၀ ကို မိမိဆန္ဒအလျောက် လျှော့ချမည်ဟု ကြေညာချက် ထုတ်ပြန်သည်။ 

 

အီရတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံများကလည်း လက်ရှိ လျှော့ချထားသည့် ပမာဏကို ဆက်လက်လျှော့ချသွားမည်ဖြစ်သည်။

Source APnews


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 208 times