OPEC+ က လစဉ်ရေနံထုတ်လုပ်မှု အနည်းငယ်သာ တိုးမြှင့်မည်


04 June, 2022

OPEC+ က လစဉ်ရေနံထုတ်လုပ်မှု အနည်းငယ်သာ တိုးမြှင့်မည်

OPEC+ က မူလအစီအစဉ် လျာထားချက်ထက် အနည်းငယ်သာ တိုးမြှင့်ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကမ္ဘာ့ရေနံပေးသွင်းမှုမှာ များများစားစား ပြောင်းလဲမှု မရှိတဲ့အပြင် သုံးစွဲမှုအပိုင်းမှာ တရုတ်ပြည်က လော့ဒေါင်းချထားတာ အဆုံးသတ်တဲ့အတွက် ရေနံသုံးစွဲမှု ပြန်လည်မြင့်တက်လာမှာ ဖြစ်ပါတယ်။


 OPEC+(Organization of the Petroleum Exporting Countries နှင့် မဟာမိတ်နိုင်ငံများ)က  ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် တစ်ရက် စည် ၆၄၈,၀၀၀ ထုတ်လုပ်ရန် သဘောတူခဲ့ကြပါတယ်။ မူလ သဘောတူထားတာ တစ်ရက် စည် ၄၃၂,၀၀၀ ထုတ်လုပ်ဖို့ လျာထားခဲ့ပါတယ်။
 
OPEC+ မှာ ရုရှားကိုလည်း ထည့်သွင်းထားဆဲဖြစ်ပြီး ပိတ်ဆို့အရေးယူမ‌ှုများကြောင့် ရုရှားရေနံ တင်ပို့မှုများ ကျဆင်းနေပါတယ်။ 

 အစည်းအဝေးအပြီးမှာ Brent ရေနံစိမ်းဈေး $2.11 မြင့်တက်ခဲ့ပြီး တစ်စည် $119.72 မှာ အထိုင်ကျခဲ့ပါတယ်။

Energy News Read 794 times