OPEC+ ရေနံလျှော့ထုတ်မည့် အစီအစဉ် ဆွေးနွေးမည်


28 November, 2023

OPEC+   ရေနံလျှော့ထုတ်မည့် အစီအစဉ် ဆွေးနွေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


OPEC+ လက်ရှိ ရေနံ ထုတ်လုပ်မှု လျှော့ချထားသည်ကို ထပ်မံလျှော့ထုတ်ရန်အတွက် လာမည့် ကြာသပတေးနေ့ (နိုဝင်ဘာ ၃၀) အစည်းအဝေးတွင် သဘောတူညီမှု ရယူမည် ဖြစ်သည်။
ရေနံ လျှော့ထုတ်ခြင်းဖြင့် ရေနံစိမ်းဈေးနှုန်း အမြင့်မှာ ရှိနေအောင် ထိန်းထားမည် ဖြစ်သည်။ 


ဆော်ဒီအာရေဗျ၊ ရုရှားနှင့် အခြား OPEC+ အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၅ သန်း (bpd) လျှော့ချရန် ကတိပေးခဲ့ကြသည်။  နေ့စဉ် ကမ္ဘာ့ဝယ်လိုအား၏ ၅ ရာခိုင်နှုန်းခန့်ကို လျှော့ချထားလိုက်ကြခြင်းဖြစ်သည်။

 ရေနံစိမ်းဈေးနှုန်းသည်စက်တင်ဘာ လကုန်ပိုင်းတွင် တစည် $98 နီးပါး ရှိခဲ့ရာမှ နိုဝင်ဘာလ ၂၇ ရက်တွင် တစည် $80 သို့ ရောက်ရှိနေသည်။ သို့ဖြစ်ရာ ထုတ်လုပ်မှုများ ထပ်မံလျှော့ချကြမည် ဖြစ်သည်။

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့Organization of the Petroleum Exporting Countries (OPEC)နှင့် ရုရှားဦူဆောင်သည့် မဟာမိတ်များ ပါဝင်သည့် OPEC+ သည် ရေနံစိမ်း ထုတ်လုပ်မည့် ရေချိန်ကို အဆုံးအဖြတ်ပြုရန် ကြာသပတေးနေ့  1300 GMT တွင် အစည်းအဝေး စတင်ရန် ချိန်းဆိုထားသည်။
OPEC+ သည် အဖွဲ့ဝင်များ အားလုံး၏ စုစုပေါင်း ထုတ်လုပ်သည့် ပမာဏကို လျှော့ချမည် ဖြစ်သည်။
မူလက နိုဝင်ဘာလ ၂၆ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့ပြီးမှ ရက်ရွှေ့လိုက်ခြင်း ဖြစ်သည်။ အာဖရိကမှ အဖွဲ့ဝင်များအတွက် ထုတ်လုပ်မှုခွဲတမ်းကို သဘောတူညီမှု မရသေးသဖြင့် ရက်ရွှေ့ရခြင်း ဖြစ်သည်။ ယခုအခါ သဘောတူညီမှု ရဖို့ နီးစပ်နေပြီဟု ဆိုသည်။

OPEC အဖွဲ့ဝင် ကူဝိတ်သည် OPEC မှ ထုတ်ပြန်သော ဆုံးဖြတ်ချက်များ အားလုံးကို အထူးသဖြင့် စျေးကွက်ခွဲတမ်းများနှင့် ရေနံထုတ်လုပ်မှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို လိုက်နာမည်ဟု  ကတိပြုကြောင်း ကူဝိတ်မှ ရေနံဝန်ကြီးက လူမှုကွန်ရက်ပလက်ဖောင်း X တွင် ဖော်ပြခဲ့သည်။

Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 242 times