OPEC+  ယခုနှစ် ရေနံစိမ်း ပိုလျှံမည် ခန့်မှန်း


01 September, 2022

OPEC+  ယခုနှစ် ရေနံစိမ်း ပိုလျှံမည် ခန့်မှန်း


OPEC+ Joint Techinical Committee က ယခုနှစ်တွင် ရေနံစိမ်းဈေးကွက်ထဲ ရေနံစိမ်း ပိုလျှံလိမ့်မည်ဟု ခန့်မှန်းကြောင်း အစီရင်ခံစာ တင်ပြသည်။ တစ်ရက် စည် ၉ သိန်းအထိ ပိုလျှံနိုင်သည်။ ယခင် တစ်ရက် စည် ၁ သိန်း ပိုလျှံမည်ဟု ကြိုတင်ခန့်မှန်းချက်ကို ၉ ဆ တိုးလိုက်ခြင်း ဖြစ်သည်။ 

Joint Technical Committee (JTC) သည် OPEC+ အုပ်စုအား ‌စျေးကွက်အခြေခံများ အကြံပြုသည်။

JTC ၏ ခန့်မှန်းချက်အရ ရေနံစိမ်းဈေးကွက်ထဲတွင် စက်တင်ဘာလမှာ တစ်ရက် စည် ၃.၁ သန်း ပိုနေမည်။
အောက်တိုဘာလတွင် လျော့ကျမည်ဖြစ်ပြီး တစ်ရက် စည် ၀.၆ သန်း ပိုမည်။
ထို့နောက် နိုဝင်ဘာလတွင် ပြန်မြင့်တက်မည်ဖြစ်ပြီး တစ်ရက် စည် ၁.၄ သန်း ပိုမည်။ 

စက်တင်ဘာလ ၅ ရက်တွင် ကျင်းပမည့် OPEC+ ပေါ်လစီအစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် OPEC ခေါင်းဆောင် ဆော်ဒီအာရေးဗီးယားက ရေနံထုတ်လုပ်မှုကို လျှော့ချနိုင်သည်ဟု ပြောကြားပြီး တစ်ပတ်ကျော်အကြာတွင် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ်တွင် လိုအပ်ချက်သည် တစ်ရက် စည် ၃.၁ သန်း  တိုးလာသော်လည်း  အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှင့်ငွေကြေးမူဝါဒ တင်းကျပ်မှုများကြောင့် စားသုံးသူများ၏ အသုံးစရိတ် ကုန်ခန်းသွားစေသဖြင့် ရေနံဝယ်လိုအား လျော့ကျလိမ့်မည်ဟု JTC အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source Reuters
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Energy News Read 446 times