OPEC+ တိုးမြှင့် ထုတ်လုပ်ရန် သဘောတူသော်လည်း ရေနံစိမ်း ဈေးမကျခဲ့


11 June, 2022

OPEC+ တိုးမြှင့် ထုတ်လုပ်ရန် သဘောတူသော်လည်း ရေနံစိမ်း ဈေးမကျခဲ့


Opec+ အစည်းအဝေးမှာ စက်တင်ဘာလအထိ အစီအစဉ်ချမှတ်ခဲ့ရာ ဇူလိုင်နှင့်ဩဂုတ်လများမှာ တစ်ရက် စည်ပေါင်း ၆၅၀,၀၀၀ ဝန်းကျင် လစဉ် တိုးမြှင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
OPEC+ က ရေနံ တိုးမြှင့် ထုတ်လုပ်ဖို့ သဘောတူညီခဲ့ကြပေမဲ့ ရေနံစိမ်း ဈေးနှုန်းအပေါ် သက်ရောက်မှု မဖြစ်ပေါ်ခဲ့ပါ။
ဩဂုတ်လမှာ ပေးပို့မယ် Brent ရေနံစိမ်း အရောင်းအဝယ် စာချုပ်အတွက် ကြိုပွိုင့် ဈေးနှုန်း ဇွန်လ ၆ ရက်မှာ တစ်စည် $119.51 ဖြင့် ရောင်းဝယ်ကြပါတယ်။ Opec+ အစည်းအဝေး မတိုင်ခင်က ဈေးနှုန်းထက် ပိုမြင့်နေပါတယ်။

    ကမ္ဘာ့စီးပွားရေး တိုးတက်ကြီးထွားမှုကို ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်နေခြင်းက ထိခိုက်နေတာ သက်သာအောင် ရေနံစိမ်းဈေးကျအောင် တိုးမြှင့် ထုတ်လုပ်ပေးကြတာ ဖြစ်ပါတယ်။
    အမေရိကန်မ‌ှာ ဓာတ်ဆီဈေး သမိုင်းတွင်အောင် မြင့်တက်နေလို့ သမ္မတ ဂျိုးဘိုင်ဒန်အဖို့ နိုင်ငံရေး ပြဿနာ ဖြစ်နေပါတယ်။ လာမယ့် လများအတွင်း အမတ်များ ရွေးကောက်ပွဲ ရှိနေပါတယ်။ 
ဂျိုးဘိုင်ဒန်က ရေနံစိမ်း ဗဟိုဘဏ်လို့ တင်စားပြောဆိုကြတဲ့ ဆော်ဒီအာရေဗျကို ရေနံ တိုးမြှင့် ထုတ်လုပ်ပေးစေလိုတယ်။ ဆော်ဒီအာရေဗျက တိုးမြှင့်ထုတ်လုပ်ခြင်း မပြုရင် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာမယ့်အရေးကို အရည်ပျော်ကျသွားအောင် OPEC+ က ရေနံ တိုးမြှင့် ထုတ်လုပ်ဖို့ သဘောတူလိုက်ကြတယ်လို့ သုံးသပ်ကြပါတယ်။
တကယ့်လက်တွေ့မှာ OPEC+ အနေဖြင့် ရေနံ ပိုထုတ်နိုင်မှာ မဟုတ်လို့ အစည်းအဝေး ဆုံးဖြတ်ချက်က ရေနံစိမ်း ဈေးကွက်အပေါ် သက်ရောက်မှု ကင်းမဲ့နေပါတယ်။

Opec+ မှ နိုင်ငံများမှာ ယခင်သတ်မှတ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်ငံများ ရှိနေပြီး သန်မှတ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်စွမ်းလည်း မရှိကြပါ။ 
စုစုပေါင်း ပမာဏကို ကြည့်ရင် သတ်မှတ်ပမာဏထက် တစ်ရက် စည် ၂.၆ သန်း လျော့နည်းနေပါတယ်။ S&P Global ရဲ့ တွက်ချက်မှုအရ ကမ္ဘာ့ရေနံစိမ်း လြိအပ်ချက်ရဲ့ ၃% နှင့် ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်။

အတိုင်ပင်ခံ လုပ်ငန်း Rapidan Energy Group က Opec+ က ဇူလိုင်နှင့် ဩဂုတ်လတို့မှာ တရက် စည် ၃၅၅,၀၀၀ ကိုသာ တိုးမြှင့် ထုတ်လုပ်နိုင်မယ် လို့ ဆိုပါတယ်။
ရုရှားရေနံ မရနိုင်တော့တာက တစ်ရက် စည် ၃ သန်း ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်ူအင် အေဂျင်စီ International Energy Agency က ဆိုထားပါတယ်။ 
ထုတ်လုပ်တဲ့ဘက်မှာ ဖြည့်တင်းပေးနိုင်ခြင်း မရှိချိန်မှာ သုံးစွဲတဲ့ဘက်မှာ သုံးစွဲမှု ပမာဏများ မြင့်တက်လာနေပါတယ်။

Opec မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၁ မှာ ကမ္ဘာ့ရေနံစိမ်း သုံးစွဲမှုက တစ်ရက် စည် ၉၇ သန်း ဖြစ်ပြီး ယခုနှစ်မှာ တစ်ရက် စည် ၁၀၀.၃ သန်း ဖြစ်ပါတယ်။

Energy News Read 1227 times