OPEC+ ထုတ်လုပ်မှု လျှော့ချသည့်ပမာဏ မှန်းထားကြသည်ထက် လျော့နည်းသဖြင့် ရေနံ ဈေးကျ


01 December, 2023

OPEC+ ထုတ်လုပ်မှု လျှော့ချသည့်ပမာဏ မှန်းထားကြသည်ထက် လျော့နည်းသဖြင့် ရေနံ ဈေးကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


OPEC+ ထုတ်လုပ်သူများသည် လာမည့်နှစ် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် ဆန္ဒအလျောက် ရေနံတင်ပို့မှုများကို လျှော့ချရန် သဘောတူကြသည့် စုစုပေါင်း ပမာဏသည် စျေးကွက်ထဲ ဖြစ်ပေါ်နေသည့်  မျှော်မှန်းချက်ထက် လျော့နည်းသဖြင့် ကြာသပတေးနေ့ (နိုဝင်ဘာ ၂)တွင် ရေနံစျေးနှုန်းများ ၂% ကျော် ကျဆင်းခဲ့သည်။

 ၂၀၂၄ ဇန်နဝါရီလအတွက် Brent ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်း ၀.၃%  လျော့ကျသွားခဲ့ပြီး ဖေဖော်ဝါရီလအတွက် ကြိုပွိုင့်ဈေးနှုန်း ၂.၄% လျော့ကျသည်။

ကမ္ဘာ့ရေနံ တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့နေသည့် OPEC+ မှ  ဆော်ဒီအာရေးဗီးယား၊ ရုရှားနှင့် အခြားအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် တစ်ရက်လျှင် စည်ပေါင်း (bpd) ၂ သန်းနီးပါးကို ဆန္ဒအလျောက် ဖြတ်တောက်ရန် သဘောတူညီခဲ့ကြသည်။
၎င်း ၂ သန်းတွင် ၁.၃ သန်းသည် ဆော်ဒီအာရေးဗီးယားနှင့် ရုရှားတို့က ဆန္ဒအလျောက် လျှော့ချထားပြီးသားဖြစ်ပြီး သက်တမ်းတိုးလိုက်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရာ တစ်ရက်လျှင် စည်ပေါင်း ၇ သိန်းနီးပါးသာ ထပ်တိုးသည်။
ဈေးကွက်ထဲတွင် နောက်ထပ် တစ်ရက်လျှင် စည်ပေါင်း ၂ သန်း ဝန်းကျင် ထပ်တိုးပြီး လျှော့ချကြလိမ့်မည် မျှော်မှန်းထားကြသည့်ထက် သိသိသာသာ လျော့နည်းနေပါသည်။

စျေးကွက်ထဲ ဈေးနှုန်းများ မကျအောင်အခြေအနေများကို ထိန်းညှိပေးသည့် ထုတ်လုပ်သူများထဲတွင် ပါဝင်သည့် ဆော်ဒီအာရေးဗီးယား၊ ရုရှား၊ ကူဝိတ်၊ ကာဇက်စတန်နှင့် အယ်လ်ဂျီးရီးယားတို့က အကယ်၍ ဈေးကွက်က အခြေအနေပေးပါက ပထမသုံးလပတ်အပြီးတွင် လျှော့ချဖြတ်တောက်မှုများ တဖြည်းဖြည်း သက်သာလာမည်ဟု ပြောကြားသည်။


OPEC+ သည် ထိပ်တန်းရေနံထုတ်လုပ်သည့် ၁၀ နိုင်ငံတွင် ပါဝင်သည့် ဘရာဇီးကို အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဘရာဇီး စွမ်းအင်ဝန်ကြီးက ၂၀၂၄ ဇန်နဝါရီတွင် ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 142 times