အူရီဒူး မြန်မာ ချက်ချင်းရောင်းချရန် အစီအစဉ်မရှိဟု စီအီးအိုပြောကြား


03 August, 2022

အူရီဒူး မြန်မာ ချက်ချင်းရောင်းချရန် အစီအစဉ်မရှိဟု စီအီးအိုပြောကြား

 

Ooredoo Group သည် မြန်မာနိုင်ငံတွင် ခိုင်မာသော စွမ်းဆောင်ရည် ကြောင့် အသားတင်အမြတ်များ ပိုမိုရရှိကာ ခိုင်မာသောရလဒ်များကို အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းကဏ္ဍကို  ရောင်းချရန် စိတ်ကူးရှိနေဆဲ ဖြစ်သည်။ 

Ooredoo Group ပထမ နှစ်ဝက်တွင် ယခင်နှစ် ပထမနှစ်ဝက်ထက်  အမြတ် ၄၃ % မြင့်တက်သည်။ QAR(Qatari Rial) ၁.၃ ဘီလျံ (ကန်ဒေါ်လာ ၃၅၇ သန်း) ရရှိသည်။ 

မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းကဏ္ဍထံမှ  ဝင်ငွေ QAR ၅၄၅ သန်း ရရှိသည်။ ယခင်နှစ် ပထမနှစ်ဝက်ထက် ၁၂% မြင့်တက်သည်။ 

 

Ooredoo Group ၏ မန်နေးဂျင်းဒါရိုက်တာနှင့် စီအီးအို Aziz Fakhroo က  မြန်မာနိုင်ငံလုပ်ငန်းကဏ္ဍထံမှ ခိုင်မာသောရလဒ်များကို ပံ့ပိုးပေးခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။

“မြန်မာ့လုပ်ငန်းကဏ္ဍ စွမ်းဆောင်ရည်က ဒီ၃လပတ် (ဒုတိယ၃လပတ်) မှာ အရမ်းအားကောင်းတယ်" ဟု ပြောကြားသည်။ မြန်မာလုပ်ငန်းကဏ္ဍမှ စီမံခန့်ခွဲမှုကို ထောက်ခံအားပေးခဲ့ပြီး ထက်ထက်သန်သန် လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

အမှုဆောင်အရာရှိချုပ် Aziz Fakhroo  က မြန်မာ့လုပ်ငန်းကဏ္ဍ  ယူနစ်ကို ရောင်းချရန် ချက်ခြင်းလက်ငင်း အစီအစဥ် မရှိသေးကြောင်း၊ သို့သော်  အနာဂတ်တွင် ရောင်းချမှု အလားအလာရှိကြောင်း ပြောကြားခဲ့သည်။

"ရောင်းမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့က ဗဟာဗျူဟာမြောက် ရွေးချယ်စရာ မှန်သမျှကို အမြဲတစေ သာတာကို ရွေးဖို့ သုံးသပ်ပါတယ်။ အခုနေအခါမှာတော့ ရှယ်ယာဝင်တွေကို အစီရင်ခံ အသိပေးစရာ ကျွန်တော်တို့မှာ ဘာတစ်ခုမှ မရှိသေးပါဘူး။ အတိုင်းအတာတစ်ခုအထိ  ပြောရရင် ကျွန်တော်တို့က တန်ဖိုးဖန်တီးတဲ့  အရောင်းအ၀ယ် တစ်ခုကို ကြည့်တယ်ဆိုရင် မြန်မာမှာပဲ ဖြစ်ဖြစ်၊ ဝယ်ယူမှုတစ်ခုအတွက်ပဲဖြစ်ဖြစ် အဲဒီအခါမှာ ကျွန်တော်တို့က အစီရင်ခံ အသိပေးမှာပါ" ဟု Fakhroo မှ ပြောကြားခဲ့သည်။ 

 အာဏာသိမ်းပြီးနောက်ပိုင်း ပြိုင်ဘက် တယ်လီနောသည် မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းကဏ္ဍယူနစ်ကို ရောင်းချပြီး မြန်မာပြည်မှ ထွက်သွားခဲ့သဖြင့် Ooredoo ကလည်း မြန်မာပြည်မှ ထွက်ခွာရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပါသည်။

#MyanmarICTGuide
 Telegram Channel https://t.me/Guid4U
Source: developingtelecoms

Investment/Divestment Read 6370 times