Online Shop လုပ်ကိုင်သူများ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမည်


18 July, 2020

Online Shop လုပ်ကိုင်သူများ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမည်။ မတင်မနေရအဖြစ် ပြဌာန်းခြင်း မရှိသေးဘဲ မိမိဆန္ဒအလျောက် မှတ်ပုံတင်နိုင်ပြီ ဖြစ်သည်။ နောင်တစ်ချိန်တွင် မဖြစ် မနေ မှတ်ပုံတင်ရနိုင်ဖွယ် ရှိသည်။

အွန်လိုင်းတွင် ဈေးဝယ်သူတစ်ဦးက "အခုလို တရားဝင်မှတ်ပုံတင်ခွင့်ကိစ္စဟာ ဖြစ်သင့်နေတာကြာပါပြီ။ အခု ဖြစ်လာတော့မယ်ဆိုတော့ ကောင်းပါတယ်။ ဝယ်ယူသူဆီကနေ ငွေလိမ်တာတွေ၊ ဖော်ပြတာကတစ်မျိုး ပစ္စည်းပို့လိုက်တော့တစ်မျိုး ဖြစ်နေတာတွေ၊ ပစ္စည်းအတုတွေ အရည်အသွေးညံ့တာတွေ ရောင်းချနေတာတွေ၊ FDA ခွင့်ပြုချက်မရှိတဲ့ အလှကုန်ပစ္စည်းတွေ ရောင်းနေတာတွေ စတဲ့ ပြဿနာ တွေ ဖြစ်နေတာကြာလှပါပြီ" ဟု သုံးသပ်ထားသည်။

တရားဝင်မှတ်ပုံတင်နိုင်သဖြင့် အွန်လိုင်ဈေးဝယ်သူများအနေဖြင့် မဝယ်ယူခင်မှာ တရားဝင်မှတ်ပုံတင်အမှတ် ရှိမရှိ ကြည့်နိုင်တော့မှာမို့ ရောင်းသူနဲ့ဝယ်သူအကြား ယုံကြည်မှုပိုမိုမြင့်မားစေလိမ့်မည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှာ

၁။ ကုမ္ပဏီလိုင်စင်ရှိရန်လိုအပ်သည်။

၂။ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ရှိရမည်ဟု သတ်မှတ်ထားသည်။

ထိုအချက်သည် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသော လုပ်ငန်း အငယ်စားများအတွက် အခက်အခဲ တစ်ခု ဖြစ်နေသော်လည်း ကုမ္ပဏီလိုင်စင် လျှောက်ထားရယူပြီး လုပ်ကိုင်ခြင်းက ပိုစနစ်ကျသည်မှာ အမှန်ပင်ဖြစ်သည်။

မှတ်ပုံတင်ကြေးသည် လောလောဆယ်တွင် အခမဲ့ဟု သတ်မှတ်ထားသည်။

Online မှ လျှောက်ထားရမည်ဖြစ်ပြီး မည်သည့်လိပ်စာဖြင့် လျှောက်ထားရမည်ကို ကြေညာပေးသွားမည်ဟု သိရသည်။

Local News How To Read 1227 times