Online e-Visa စနစ်တွင် Tourist Visa မေလ ၂၀ ရက်တွင် စတင်လျှောက်ထားနိုင်


18 May, 2022

Online e-Visa စနစ်တွင် Tourist Visa မေလ ၂၀ ရက်တွင် စတင်လျှောက်ထားနိုင်

 

Online e-Visa လျှောက်ထားခြင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပါသည်။ ကီုဗစ်ကာလတစ်လျှောက် Online e-Visa လျှောက်ထားခြင်းကို ရက်အကန့်အသန်မရှိ ယာယီရပ်ဆိုင်းထားခဲ့ပါသည်။ ၂၀၂၂ ဧပြီလ ၁ ရက်တွင် လုပ်ငန်းဗီဇာ business e-visas ကို ပြန်လည် လုပ်ဆောင်ခဲ့ပါသည်။ 
လာမည့် ၂၀၂၂ မေလ ၂၀ ရက်တွင် ခရီးသွားဗီဇာ tourist e-visa ကို အွန်လိုင်းတွင် စတင်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online လျှောက်ထားနိုင်သည့် e-Visa စနစ်တွင် Tourist Visa အား ထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ များ ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် Online e-Visa (Business) လျှောက်ထားမှုလုပ်ငန်းစဉ်အား (၁-၄-၂၀၂၂) ရက်နေ့မှစ၍ ပြန်လည်စတင် ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျက် ရှိနေပြီဖြစ်ပါသည်။

၂။ အလားတူ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက် ဖြင့် e-Visa (Tourist) အမျိုးအစား လျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ Online e-Visa (Tourist) လျှောက်ထားရန် လိုအပ်သည့် သတ်မှတ်ချက်များအား မိမိ ဝန်ကြီးဌာန၏ Website လိပ်စာ https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ ၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

Local News Read 202 times