OneKyat မှာ ရေပန်းစားတဲ့ ပစ္စည်းအမျိုးအမည်များ အစီရင်ခံချက် ထုတ်ပြန်


01 December, 2022

OneKyat မှာ ရေပန်းစားတဲ့ ပစ္စည်းအမျိုးအမည်များ အစီရင်ခံချက် ထုတ်ပြန်


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တစ်ပတ်ရစ်ပစ္စည်း အမျိုးအစားပေါင်းစုံ အရောင်းအဝယ်မှာ ဈေးကွက်ကို ဦးဆောင်နေတဲ့  ပလက်ဖောင်း လုပ်ကိုင်တဲ့  Greater Southeast Asia Carousell Group မှ  ၁၀ နှစ်မြောက်  အထိမ်းအမှတ်အနေဖြင့် Carousell Recommerce Index (10th Anniversary Edition) အစီရင်ခံချက် ထုတ်ပြန်ပါတယ်။

.

တစ်ပတ်ရစ်ပစ္စည်းများကို တစ်ဖန်ပြန်သုံးစွဲခြင်းဖြင့် ငွေကြေး ချွေတာရာ ရောက်တဲ့အပြင် သဘာဝ အရင်းအမြစ်များကိုလည်း ချွေတာရာရောက်တဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။

မြန်မာနိုင်ငံမှာ တစ်ပတ်ရစ်ပစ္စည်း ( မသုံးရသေးတဲ့ အသစ်ကို ပြန်ရောင်းတာလည်း ပါဝင်) အွန်လိုင်းဈေးခင်းမှာ အကြီးမားဆုံးဖြစ်တဲ့ OneKyat ဟာ Carousell Group ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

.

OneKyat ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့တွင် အခြေစိုက်သော ပြည်တွင်းဒစ်ဂျစ်တယ်လုပ်ငန်းငယ် အသစ်တစ်ခု အဖြစ်ဖြင့် စတင်ခဲ့ပါတယ်။

OneKyat အက်ပ် ဒေါင်းလုဒ်ကြိမ်ရေ ၁ သန်းကျော် ရှိပါတယ်။

.

မဟာအရှေ့တောင်အာရှမှာ တစ်ပတ်ရစ် ပစ္စည်းမျိုးစုံ အရောင်းအဝယ် ပလက်ဖောင်းဖြစ်တဲ့ Carousell Group မှာ Telenor Group, Rakuten Ventures, Naver, STIC Investments, Sequoia Capital India တို့ ရင်းနှီးမြှုပ်နှံထားကြပါတယ်။

.

Carousell Group ရဲ့ အက်ပ်တွေကို သုံးစွဲကြသူတွေက ၁၀ နှစ်တာအတွင်း သန်းချီတဲ့ တပတ်ရစ်ပစ္စည်းတွေ ဝယ်ယူသုံးစွဲခြင်းဖြင့် ပစ္စည်းရဲ့ သက်တမ်းကို ဆန့်ထုတ်ပေးခဲ့ကြရာမှာ ဖက်ရှင် ခုရေ ၇၆.၈ သန်း၊ အီလက်ထရွန်းနစ် ခုရေ ၃၃.၉ သန်း၊ ဝါသနာအရပစ္စည်းနှင့် ကစားစရာခုရေ ၂၆.၆ သန်း၊ အိမ်သုံးပစ္စည်းနှင့် ပရိဘောဂ ခုရေ ၁၁.၁ သန်း၊ ကလေးသူငယ်သုံးပစ္စည်း ခုရေ ၁၀.၆ သန်းတို့ ပါဝင်ပါတယ်။ 

 

Carousell Recommerce Index (10th Anniversary Edition) အစီရင်ခံချက်မှာ မြန်မာနိုင်ငံမှ OneKyat ပလက်ဖောင်းပေါ်မှာ ရေပန်းစားတဲ့ ပစ္စည်းအမျိုးအမည်များကို ဖော်ပြပေးထားပါတယ်။ 

.

မြန်မာပြည် OneKyat တစ်ပတ်ရစ်ပစ္စည်း ရောင်းဝယ်ရေး ပလက်ဖောင်းပေါ်မှာ ရေပန်းအစားဆုံးက စက်ဘီး၊ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်၊ စကူတာ စတဲ့  ၂ ဘီးတပ်ယာဉ်တွေ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်ကို ရန်ကုန်မှာ ပိတ်ပင်ထားပေမယ့် ဆင်ခြေဖုံး အစွန်အဖျားတွေမှာတော့ သွားရေးလာရေးအတွက် ပင်တိုင်သုံးစွဲကြပါတယ်။ အခြားမြို့များမှာလည်း အလားတူ သုံးစွဲကြပါတယ်။ အထူးသဖြင့် ကိုဗစ်အစ ၂၀၂၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။

တစ်ပတ်ရစ်ကား ဝယ်ဖို့ စိတ်ကူးရှိကြသူတွေလည်း များပါတယ်။  တတိယအကြည့်အများဆုံး ဖြစ်ပါတယ်။

အက်တာနက် သုံးစွဲသူဦးရေ များပြားတာနဲ့အမျှ တစ်ပတ်ရစ် မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် အီလက်ထရွန်းနစ်ပစ္စည်းကိရိယာများ ဝယ်လိုအား ရှိနေတာ သဘာဝကျပါတယ်။ တစ်ပတ်ရစ် စမတ်ဖုန်း အရောင်းအဝယ် ဖြစ်မြောက်ခဲ့ကြတာတွေမှာ Android စမတ်ဖုန်းတွေက iPhone ထက် ခုရေ ၈% ပိုများကြောင်း အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်၊ 

.

မော်တော်ယာဉ်များနှင့် အီလက်ထရွန်းနစ်ပစ္စည်းများအပြင် အခြား ရေပန်းစားတဲ့ တစ်ပတ်ရစ်ပစ္စည်း အမျိုးအစားများမှာ အိမ်နှင့် ဥယျာဉ်သုံးပစ္စည်းများ၊ အိမ်နှင့် ဥယျာဉ်ခြံမြေ၊ ရုပ်ရှင်များ၊ စာအုပ်များနှင့် ဂီတတို့ ပါဝင်ပါတယ်။ 

.

OneKyat ပလက်ဖောင်းပေါ်မှာ -

.

တစ်ပတ်ရစ်ပစ္စည်း သုံးစွဲသူတွေ ဝယ်ယူဖို့ စိတ်ဝင်စားမှုရေချိန် အမြင့်မားဆုံး ပစ္စည်းက မိုဘိုင်းဖုန်း ဖြစ်ပါတယ်။ 

.

ရောင်းချဖို့ ရေပန်းအစားဆုံးမှာ 

ကွန်ပျူတာနှင့် အီလက်ထရွန်းနစ်၊ 

မော်တော်ဆိုင်ကယ်၊

ကား တို့ ဖြစ်ပါတယ်။

.

ရှာဖွေမှု အများပြားဆုံး ပစ္စည်း အမျိုးအမည်များမှာ 

ကွန်ပျူတာနှင့် အီလက်ထရွန်းနစ်၊  

စက်ဘီး၊ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်၊ စကူတာ စတဲ့  ၂ ဘီးတပ်ယာဉ်၊ 

ကားတို့ ဖြစ်ပါတယ်။

.

ပစ္စည်းကြည့်တာအများဆုံး အမျိုးအမည်များမှာ 

မိုဘိုင်းဖုန်း၊ 

စက်ဘီး၊ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်၊ စကူတာ စတဲ့  ၂ ဘီးတပ်ယာဉ်၊ 

ကွန်ပျူတာနှင့် အီလက်ထရွန်းနစ် 

တို့ ဖြစ်ပါတယ်။ 

.

အစီရင်ခံချက်အတွက် Carousell Group ရဲ့  brand များ ဖြစ်ကြတဲ့ Carousell, Cho Tot, Laku6, Mudah.my, OneKyat, One Shift, Ox Luxe, Ox Street, Refash တို့ထံမှ ဒေတာများ ရယူခဲ့ပါတယ်။

Carousell Recommerce Index (10th Anniversary Edition) အစီရင်ခံချက် အပြည့်အစုံကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

 

MICTG

 

Industry Reviews Read 392 times