Omicron သတင်းကြောင့် ရေနံစိမ်း ဈေးကျ


01 December, 2021

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ Moderna ရဲ့ စီအီးအိုက အာမာခရွန် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို လက်ရှိ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ရေး ထိုးဆေးတွေက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာလား ဆိုတာ သံသယရှိကြောင်း Financial Times သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။  Delta မျိုးကွဲကို ကာကွယ်ပေးတဲ့အတိုင်း ထိထိရောက်ရောက်ဖြင့် Omicron မျိုးကွဲကို ကာကွယ်ပေးနိုင်မယ်ဆိုတာ မသေချာကြောင်း ပြောကြားခဲ့တဲ့အတွက် လူအများတို့ အသွားအလာတွေ လျော့ကျပြီး ယာဉ်အမျိုးမျိုး အသုံးပြုမှု လျော့ကျသွားနိုင်တာကြောင့် ရေနံထုတ်ကုန် လိုအပ်ချက် လျော့ကျနိုင်ဖွယ် ရှိနေတဲ့အတွက် ရေနံစိမ်း ဝယ်လိုအား ကျဆင်းဦးမယ်လို့ တွက်ဆပြီး ရေနံစိမ်းဈေး  ၃ % နိုဝင်ဘာလ ၃၀ ရက်မှာ ကျဆင်းခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာလ ၂၆ ရက်တွင်လည်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု သတင်းကြောင့် ရေနံစိမ်းဈေး ၁၂ % ကျဆင်းခဲ့ပါတယ်။ 
ရေနံစိမ်း ဝယ်လိုအား များမကြာတဲ့ အနာဂတ်မှာ ကျဆင်းလိမ့်မယ်လို့ ထင်ကြေးများကြောင့် ရေနံဈေးကျဆင်းနေချိန်မှ အိုပက်နှင့် အပေါင်းပါနိုင်ငံများ  OPEC+ ဖြစ်တဲ့ ရေနံတင်ပို့နိုင်ငံများ အဖွဲ့စည်းနဲ့ ရုရှားနှင့် ၎င်းရဲ့ မဟာမိတ်များတို့က ဇန်နဝါရီလမှာ တစ်ရက် ရေနံစည်ပေါင်း ၄၀၀,၀၀၀ တိုးထုတ်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိမ့်မယ်လို့ ယူဆကြပါတယ်။ 
OPEC+ အစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်မှာ ကျင်းပဖို့ အစီအစဉ် ရှိထားပြီးသားဖြစ်ပြီး ယင်းအစည်းအဝေးမှာ ရေနံစိမ်း တိုးထုတ်သင့် မထုတ်သင့် ဆုံးဖြတ်ကြလိမ့်မယ်လို့ ယူဆပါတယ်။
ရေနံအဓိက တင်သွင်းတဲ့ နိုင်ငံ ၆ နိုင်ငံ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့က အရန်သိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို ထုတ်သုံးပြီး ရေနံအကျပ်အတည်း လျော့ကျအောင် လုပ်ဆောင်လျက် ရှိကြပါတယ်။ 

ဆက်စပ်အကြောင်းအရာ ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိလိုက်ပါ
လောင်စာဆီဈေး ကြီးမြင့်မှု နိုင်ငံကြီး ၆ ခု ပူးတွဲ ဖြေရှင်းမည်
 

Global News Read 16785 times