အိုမန်ရေနံသိုက် အသစ်က တစ်ရက် စည် ၁ သိန်းအထိ ထုတ်လုပ်မှု မြှင့်တင်ပေးနိုင်ဟု ဆို


05 June, 2022

အိုမန်ရေနံသိုက် အသစ်က တစ်ရက် စည် ၁ သိန်းအထိ ထုတ်လုပ်မှု မြှင့်တင်ပေးနိုင်ဟု ဆို

အိုမန်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၀၀,၀၀ အထိ ထုတ်လုပ်မှု မြှင့်တင်ပေးနိုင်မည့် ရေနံသိုက်အသစ်ကို  ရှာဖွေတွေ့ရှိခဲ့သည်ဟု အိုမန်နိုင်ငံ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာန ဝန်ကြီး Mohammed bin Hamad Al Rumhy က  ပြောကြားသည်။

အိုမန်နိုင်ငံတွင် ရေနံသိုက် တွေ့ရှိခြင်းကြောင့် တစ်နေ့လျှင် စည်ပေါင်း ၁၀၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်နိုင်မည် ဖြစ်ပေရာ အိုမန်နိုင်ငံ၏ တစ်ရက်တာ ရေနံထုတ်လုပ်မှုကို စည်ပေါင်း ၅၀,၀၀၀ မှ ၁၀၀,၀၀ အထိ လာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း ထုတ်လုပ်မှု တိုးမြှင့်မည်ဟု စွမ်းအင်နှင့် သတ္တုဝန်ကြီးMohammed bin Hamad Al Rumhy က  ၂၀၂၀ ဇွန်လ ၄ ရက် စနေနေ့တွင် နိုင်ငံပိုင် သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ 

အိုမန်နိုင်ငံတွင် ရှိသည့် ရေနံစိမ်း ရေနံသိုက်တွင် စည်ပေါင်း ၅.၂ ဘီလျံ ရှိနေပြီး သဘာဝဓာတ်ငွေ့သိုက်တွင် ကုဗပေ ၂၄ ထရီလီယံ ရှိသည်ဟု မ်းအင်နှင့် သတ္တုဝန်ကြီးMohammed bin Hamad Al Rumhy က  အသိပေးပြောကြားပါသည်။

MyanmarIndustryGuide

Energy News Read 9435 times