ဆော်ဒီ သိုလှောင်စခန်း တိုက်ခိုက်ခံရပြီးနောက် ရေနံတစ်စည် ဒေါ်လာ ၁၂၀ ကျော်သို့ ပြန်တက်လာ


26 March, 2022

ဆော်ဒီ သိုလှောင်စခန်း တိုက်ခိုက်ခံရပြီးနောက် ရေနံတစ်စည် ဒေါ်လာ ၁၂၀ ကျော်သို့ ပြန်တက်လာ

မတ်လ ၂၅ ရက် ငသာကြာနေ့တွင် ရေနံစိမ်း တစ်စည် အမေရိကန်ဒေါ်လာ ၁၂၀ အထက်သို့ ရောက်ရှိသွားသည်။

ဆော်ဒီအာရေဗျတွင် ဖြန့်ဖြူးရေး သိုလှောင်စခန်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် ယခုလို ရေနံစိမ်းဈေးနှုန်း မြင့်တက်သွားသည်။

Brent  ရေနံစိမ်းဈေးနှုန်း $1.62 (၁.၄%) မြင့်တက်သွားပြီး တစ်စည် $120.65 ဖြစ်သွားသည်။ 

ယခင်က $3 ဈေးကျခဲ့ပြီး ယခု အတက်ဘက် ပြန်ရောက်သွားသည်။

 

မတ် ၂၅ ရက်က Jeddah တွင် တိုက်ခိုက်ခံရပြီးနောက် Saudi Aramco သိုလှောင်စခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားသည့်မြင်ကွင်း

 

 

ယီမင်မှ ဟိုသီတို့က ဆော်ဒီအာရေဗျ သိုလှောင်ဖြန့်ဖြူးရေးစခန်းကို မတ်လ ၂၅ ရက် ငသာကြာနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။ 

Jeddah တွင် တည်ရှိသော Aramco ၏ လောင်စာ သိုလှောင်ဖြန့်ဖြူးရေးစခန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မီးလောင်သည့် လှောင်ကန်နှစ်ခုကို မီးထိန်းနိုင်ခဲ့သည်။

ယခုလို တိုက်ခိုက်ခံရသည့်အတွက် ကမ္ဘာဈေးကွက်ထဲသို့ ရေနံစိမ်း စီးဝင်သည့် ပမာဏ လျော့ကျခြင်းအတွက် တာဝန်ယူမည် မဟုတ်ကြောင်း ဆော်ဒီအာရေဗျက ပြောကြားသည်။

Energy News Read 962 times