ယခုသီတင်းပတ် ရေနံစျေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်ခဲ့


12 August, 2022

ယခုသီတင်းပတ် ရေနံစျေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်

စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်မှုများ  လျော့ကျနေသော်လည်း ဝယ်လိုအား အလားအလာ ခန့်မှန်းဖို့ ခက်နေဆဲဖြစ်သည့် ယခုသီတင်းပတ်တွင် စံဈေးနှုန်း အရောင်းအဝယ် ကန်ထရိုက်များ ဈေးနှုန်းသည် တစ်ပတ်တာ မြင့်တက်မှုနှင့်အတူ သောကြာနေ့ (ဩဂုတ် ၁၂)တွင် ရေနံစျေးနှုန်းများ မြင့်တက်လာခဲ့သည်။

Brent ရေနံစိမ်း ကြိုရောင်း တစ်စည် ဈေးနှုန်း ၀.၂၃ ကန်ဒေါ်လာ (၀.၂%) မြင့်တက်ခဲ့ပြီး 0736 GMT တွင် တစ်စည်လျှင် $99.83 သို့ ရောက်ရှိလာခဲ့သည်။ 
အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်း ကြိုရောင်း တစ်စည် ဈေးနှုန်း ၀.၃ ကန်ဒေါ်လာ မြင့်တက်ခဲ့ပြီး တစ်စည်လျှင် $94.37 သို့ ရောက်ရှိခဲ့သည်။ 
ယခုသီတင်းပတ်တွင် Brent ၃% ကျော် ဈေးပြန်တက်သည်။ ယခင်သီတင်းပတ်က  ၁၄%  ဈေးပြုတ်ကျခဲ့သည်။  ၂၀၂၀ ဧပြီလ နောက်ပိုင်း အကြီးမားဆုံး ဈေးထိုးကျခြင်း ဖြစ်သည်။  
ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေဖောင်းပွခြင်း၊ အတိုးနှုန်းများ မြှင့်တင်နေကြခြင်းတို့က စီးပွားရေး ကြီးထွားမှုကို အနည်းနှင့်အများ အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေသည်ဖြစ်ရာ အကျိုးဆက်အဖြစ် လောင်စာဆီ ဝယ်လိုအားကိုလည်း ထိခိုက်စေသည်။ 

 International Energy Agency   IEA က တစ်ရက်လျှင် စည်ပေါင်း (barrel per day -bpd) ၂၁. သန်းဟု ခန့်မှန်းထားသည်။ သဘာဝဓာတ်ငွေ့ ဈေးနျုန်းများ မြင့်တက်ကုန်သည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် သဘာဝဓာတ်ငွေ့အစား လောင်စာဆီကို ပြောင်းလဲသုံးစွဲကြသဖြင့် bpd ၂၁,၁ သန်း အထိ ရောက်ရှိမည်ဟု ဆိုသည်။

IEA က ၂၀၂၂ ဒုတိယနှစ်ဝက်တွင် ရုရှားရေနံ ပေးပို့မှုကို bpd ၅၀၀,၀၀၀ ဟု ခန့်မှန်းထားသည်။


Commonwealth Bank မှ လေ့လာဆန်းစစ်သူ  Vivek Dhar က "ရုရှားရေနံပေးပို့မှုက ထင်ထားတာထက် ပိုကြံ့ခိုင်ပါတယ်" ဟု မှတ်ချက်ပြုသည်။ 
"ဝယ်လိုအားဘက်မှာ ဖြစ်ပျက်နေတာတွေနဲ့ ရောင်းလိုအားဘက်ခြမ်းမှာ ဖြစ်ပျက်နေတာတွေကို အခြေခံပြီး ဒီနှစ်ကုန်မှာ ကမ္ဘာ့ရေနံလက်ကျန်ကို အကဲဖြတ်တာဟာ ရှုပ်ထွေးနက်နဲပါတယ်။ မသေချာ မရောရာတွေ ဖြစ်နေလို့  ဈေးနှုန်းတွေက နေ့စဉ် မငြိမ်မသက်ဖြစ်နေတာ" ဟု ပြောကြားသည်။
#MyanmarIndustriesGuide
 Telegram Channel https://t.me/Guid4U
Source: Reuters

Energy News Read 1438 times