ရုရှားရေနံကိစ္စ ဆုံးဖြတ်မည့် G7 ဆွေးနွေးပွဲမတိုင်မီ ရေနံဈေးနှုန်းများ အနည်းငယ် ကျဆင်း


27 June, 2022

ရုရှားရေနံကိစ္စ ဆုံးဖြတ်မည့် G7 ဆွေးနွေးပွဲမတိုင်မီ ရေနံဈေးနှုန်းများ အနည်းငယ် ကျဆင်း


ဂျာမနီနိုင်ငံတွင် ကျင်းပသော (G7) ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာမည့် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုအပေါ် ဆုံးဖြတ်ချက်များ မသိရသေးခင် တနင်္လာနေ့(ဇွန် ၂၇)တွင် ရေနံစျေးနှုန်းများ အနည်းငယ်ကျဆင်းသွားခဲ့သည်။

ရေနံစိမ်းဈေးကွက်တွင် ရေနံစိမ်း ရရှိနိုင်မှုများ လျော့နည်းမည့် အလားအလာများကို မှန်းဆထားကြသည်။ အနောက်နိုင်ငံ အစိုးရတို့က ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေ ရနိုင်မှု လျော့နည်းစေရန် ရုရှား ရေနံနှင့် ဓာတ်ငွေ့တို့ တင်ပို့မှုများကို ဖြတ်တောက်မည့် နည်းလမ်းများကို G7  ခေါင်းဆောင်များ ဆွေးနွေးကြမည် ဖြစ်သည်။ 
အီရန် နျူးကလီယား သဘောတူညီချက်ကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ အဆင်ပြေသွားပါက အီရန်ရေနံစိမ်းများ တင်ပို့ခွင့် ရရှိပြီး ကမ္ဘာ့ရေနံစိမ်းဈေးကွက်ထဲ ရေနံစိမ်းရရှိနိုင်မှု အလားအလာ တိုးသွားမည် ဖြစ်သည်။ 

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း Organization of the Petroleum Exporting Countries (OPEC) နှင့် ရုရှား အပါအဝင် မဟာမိတ်နိုင်ငံများ ပါဝင်ကြသည့် OPEC+ အနေဖြင့် ရေနံ တိုးမြှင့် ထုတ်လုပ်ကြရန် ဩဂုတ်လတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း ရေနံထုတ်လုပ်ကြမည် ဖြစ်သည်။ 

Brent ရေနံစိမ်းကြိုပွိုင့်သည် တနင်္လာနေ့ 0632 GMT  တွင် ၈ ဆင့် ဈေးကျပြီး တစ်စည် $113.04  သို့  ရောက်ရှိခဲ့သည်။ 
သို့သော် ရေနံစိမ်း တစ်စည် ဈေးနှုန်းများသည် $100  အထက်တွင်သာ ရှိနေဆဲ ဖြစ်သည်။ 

#MyanmarIndustryGuide
 Telegram Channel
https://t.me/Guid4U/335

https://t.me/Guid4U

Energy News Read 450 times