ရေနံဈေးနှုန်း ၁% ကျဆင်း


10 May, 2022

ရေနံဈေးနှုန်း ၁% ကျဆင်း


ရေနံဈေးနှုန်းသည် ၁% ကျော် ကျဆင်းခဲ့သည်။ ရေနံအများဆုံးတင်သွင်းသည့် တရုတ်နိုင်ငံတွင် ကိုဗစ်လော့ဒေါင်းများ ချထားခြင်း၊ ဒေါ်လာ အားကောင်းနေခြင်း၊ ကမ္ဘာ့စီးပွားရေး အကျဘက်ရောက်သွားနိုင်ခြင်း အစရှိသည့် အကြောင်းအချက်များကြောင့် ယခင်နေ့က ‌ကျဆင်းခဲ့သော ရေနံဈေးနှုန်းသည် အင်္ဂါနေ့တွင် ထပ်မံ ကျဆင်းသည်။
Brent ရေနံစိမ်းဈေးနှုန်း တစ်စည် $1.19 (1.1%,) ကျဆင်းပြီး $104.75 သို့ ရောက်ရှိသည်။ $103.19 အထိ ကျဆင်းပြီးနောက် ပြန်တည်ငြိမ်သည့်အခါ 104.75 သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 
ကမ္ဘာ့ငွေကြေးဈေးကွက်များတွင် အမေရိကန်ဒေါ်လာသည် နှစ်ပေါင်း ၂၀ နီးပါးတစ်လျှောက်ဘအမြင့်ဆုံး ရောက်ရှိသည်။ လက်ထဲ ဒေါ်လာ ကိုင်မထားသည့် ရေနံဝယ်လက်များအဖို့ ဒေါ်လာ ငွေလဲနှုန်းများကြောင့် ရေနံ ဈေးပိုကြီးနေမည် ဖြစ်သည်။
ဥရောပကော်မရှင်က ရုရှားရေနံကို ဒဏ်ခတ်အရေးယူမည့် အစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် အဆိုပြုသဖြင့် ရေနံစိမ်းဈေး မြင့်တက်စေခဲ့သည်။ အဆိုပြုသည့် မူကြမ်းကို အရှေ့ဥရောပ နိုင်ငံများက ကင်းလွတ်ခွင့်နှင့် လျော့ပေ့ါမှုများ တောင်းဆိုကြသဖြင့် အတည်မပြုနိုင်သေးဘဲ ကြန့်ကြာနေဆဲ ဖြစ်သည်။
ဥရောပနိုင်ငံများမှ ရေနံတင်သင်္ဘောများက ရုရှား ရေနံစိမ်းနှင့် ရေနံထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်း မပြုဖို့ အဆိုပြုသည့် မူကြမ်းကို ဂရိ၊ မော်လ်တာနှင့် ဆိုက်ပရပ်စ်တို့က ကန့်ကွက်ထားသည်။

ပိတ်ဆို့ အရေးယူခြင်းကြောင့်  နိုင်ငံတွင်းမှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းပေးထားဖို့ လိုအပ်သည်ဟု ဆိုကြသည်။ 
သို့ဖြစ်ရာ ဥရောပကော်မရှင်၏ အရေးယူဆောင်ရွက်မှုများ အကောင်အထည်ဖော်ဖို့ မှေးမှိန်နေဆဲ ဖြစ်သည်။ 

Energy News Read 3193 times