၇ နှစ်တာအတွင်း ရေနံစိမ်းဈေးနှုန်း အမြင့်မားဆုံးစံချိန်တင်


24 January, 2022

၇ နှစ်တာအတွင်း ရေနံစိမ်းဈေးနှုန်း အမြင့်မားဆုံးစံချိန်တင်


၇ နှစ်တာအတွင်း ရေနံစိမ်းဈေးနှုန်း အမြင့်မားဆုံးစံချိန်သို့ ရောက်ရှိခဲ့ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးမှာ ရေနံသိုလှောင်ရေး ဌာနတစ်ခုကို ဒရုံးများဖြင့် တိုက်ခိုက်ခံရပြီး နောက်တစ်နေ့မှာ ရေနံစိမ်းဈေး ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။
Brent Crude အရောင်းအဝယ် ပေါက်ဈေး $87.80 အထိ မြင့်တက်ခဲ့ပြီး ၂၀၁၄ အောက်တိုဘာလနောက်ပိုင်း အမြင့်မားဆုံးဖြစ်ပါတယ်။

ဒရုံးများဖြင့် တိုက်ခိုက်မှုကို အီရန် ကျောထောက်နောက်ခံ ပြုတဲ့ Houthi သူပုန်တွေက ပြုခဲ့ကြတာဖြစ်ပြီး လူအချို့ သေဆုံးခဒ့ပါတယ်။ ရေနံစိမ်းတင်ထရပ်ကားအချို့ ပျက်စီးခဲ့ပါတယ်။ Abu Dhabi National Oil Company (ADNOC) ပိုင်ဆိုင်တဲ့ ရေနံစိမ်းသိုလှောင်ရေးဌာန တစ်ခု အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Houthi သူပုန်တွေက ယီမင်မှာ အခြေစိုက်ထားပြီး ဒုံးကျည်များ၊ ဒရုံးများ အသုံးပြုပြီး တိုက်ခိုက်တာမှာ ဆော်ဒီအာရေဗျ ကိုလည်း တိုက်ခိုက်ပါတယ်။

အိုပက်ရဲ့ အရန်ထပ်ဆောင်း ထုတ်လုပ်မှု အားနည်းနေချိန်မှာ ရုရှား- ယူကရိန်း အပါအဝင် အဓိကကျတဲ့ ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံအချို့မှာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရေနံစိမ်း ဈေးနှုန်းများ အတက်ဖက်သို့ ရောက်ရှိနေစေပါတယ်။

 

oilprice.com/

Global News Read 540 times