ဆီစက်ချေးငွေလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာ


27 November, 2022

ဆီစက်ချေးငွေလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဆိုပြုလျှောက်ထားနိုင်ပါကြောင်း ပြည်တွင်းဆီစက်လုပ်ငန်းရှင်များသို့ အသိပေးကြေညာထားပါသည်။ 


 

နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ဆီစက်လုပ်ငန်းများကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ တို့ရှိ စိတ်ပါဝင်စားသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေအဆိုပြုလွှာများအား အတွင်းရေးမှူး၊ ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ (ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်-၃၇၊ နေပြည်တော်)၊ ဖုန်း-၀၆၇၃-၄၀၈၃၇၈၊ e-mail ([email protected]) သို့ လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောဖြင့် ပေးပို့လျှောက်ထားနိုင်ပါကြောင်း သိရှိရပါသည်။

(လျှောက်လွှာနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၀၁၆၃၂၇၄၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။)

Source: SME Development Department,MOI

 

ဆီစက်ချေးငွေလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

 

၁။ ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရန် နှင့် အရည်အသွေးမီ စားသုံးဆီများထုတ်လုပ်ရန်ရည်ရွယ် ၍ ပြည်တွင်းဆီစက်များကို တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များအား ဆီစက်ချေးငွေ ပေးအပ်သွားမည်ဖြစ်ပါသည်။

 

၂။ ဆီစက်ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် ဆီစက်ချေးငွေ အဆိုပြုလွှာ ပုံစံအား စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန Website https://msmewebportal.gov.mm/latest-news/185  နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ Website https://www.moali.gov.mm/my/tender/2022-11-25t1011090630 တို့တွင် အခမဲ့ Download ရယူနိုင်ပါသည်။

 

၃။ ချေးငွေအဆိုပြုလွှာ အတွက် ပိတ်သိမ်းမည့်ရက်မှာ ( ၂၇.၁၂.၂၀၂၂ )ရက်နေ့၊ ရုံးချိန်အတွင်းဖြစ်ပါသည်။ ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်းများကို ချိတ်ပိတ်စာအိတ်တွင် ထည့်သွင်းပြီး စာအိတ်ပေါ်တွင် “ဆီစက်လုပ်ငန်းချေးငွေအဆိုပြုလွှာပေးပို့ခြင်း” ဟု ဖော်ပြ၍ လူကိုယ်တိုင်(သို့မဟုတ်) အမြန်ချောဖြင့် အောက်ဖော်ပြပါ လိပ်စာသို့ပေးပို့ရမည် ဖြစ်ပါသည်။

 

အတွင်းရေးမှူး၊ 

ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ် တင်ပြရေးအဖွဲ့၊ (ညွှန်ကြားရေးမှူးချုပ်၊ 

 စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ 

 ရုံးအမှတ်(၃၇)၊ နေပြည်တော်၊ ဖုန်း-၀၆၇၃-၄၀၈၃၇၈၊ 

 အီးမေးလ်[email protected])

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Banking & Loan Read 470 times