ယခုနှစ်တွင် ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ အထက် ကာလရှည်ကြာမည်ဟု ခန့်မှန်း


23 February, 2022

ယခုနှစ်တွင် ရေနံဈေးနှုန်း ဒေါ်လာ ၁၀၀ အထက် ကာလရှည်ကြာမည်ဟု ခန့်မှန်း

ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထက်တွင် ရှိနေသည့်ကာလ ရှည်ကြာလိမ့်ဖြစ်ပြီး လာမည့် ၆ လ မှ ၉ လ အထိ ကြာမြင့်မယ်၊ ဝယ်လိုအားအသစ်များ ကမ္ဘာ့ဈေးကွက်ထဲမှာ ရှိနေမယ်လို Vitol Group ရဲ့ စီအီးအို Russell Hardy က ပြောကြားပါတယ်။


သီးခြားရပ်တည်လုပ်ကိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံး ရေနံကုန်သည်လုပ်ငန်း Vitol Group ရဲ့ စီအီးအို Russell Hardy က နေ့စဉ်လောင်စာသုံးစွဲမှုများ ပြန်မြင့်တက်လာမည် ဖြစ်ပြီး ကိုဗစ်အကြိုကာလထက် ပိုများတဲ့ရေချိန်သို့ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ရောက်ရှိသွားမှာ ဖြစ်လို့ ဈေးကွက်မှာ အကျပ်အတည်း ပိုများလာလိမ့်မယ်လို့ ဆိုပါတယ်။
"စည် သန်း ၁၀၀ ကိန်းဂဏန်းကို ဒီနှစ်မှာ ကျော်သွားနိုင်ဖွယ် ရှိပါတယ်။ တကယ်လို့ ခရီးသွားလာမှုများ ပုံမှန်ပြန်ဖြစ်သွားရင်
ဝယ်လိုအားက ဒုတိယနှစ်ဝက်မှာ မြင့်တက်လိမ့်မယ်" လို့ သူက ပြောကြားပါတယ်။

ယခုလအစောပိုင်းမှာ ဒေါ်လာ ၁၀၀ ဝန်းကျင်အထိ ဈေးတက်ခဲ့ပြီး ကပ်ရောဂါလွန်ကာလ လောင်စာသုံးစွဲမှု ပြန်လည်များပြားလာပြီး ဖြည့်သွင်းမှုအပိုင်းမှာ အခက်အခဲတွေ ရှိနေပါတယ်။
စီးပွားရေးများ သန်သန်မာမာဖြင့် ဦးမော့လာလို့ စွမ်းအင်လိုအပ်ချက် မြင့်တက်လာတာကို ဖြည့်သွင်းပေဖို့ ထုတ်လုပ်ရေးအပိုင်းမှာ အခက်အခဲများဖြင့် ရုန်းကန်နေရပါတယ်။

OPEC+ အဖွဲ့ဝင်နိုင်ငံများမှာ အရင်းအနှီး ရင်းနှီးမြှုပ်နှံမှု လျော့ကျနေတဲ့အပြင် ထုတ်လုပ်မှု လုပ်ငန်းစဉ် ပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေပါတယ်။
၂၀၂၀ မှာ ကိုဗစ်ကြောင့် ဝယ်လိုအားကျဆင်းခဲ့သဖြင့် လျှော့ချ ထုတ်လုပ်ခဲ့ပြီး ယခုအခါ ပုံမှန်ရေချိန်ပြန်ရောက်အောက် ထုတ်လုပ်နိုင်ကြခြင်း မရှိချေ။ အမေရိကန်မှ ထုတ်လုပ်သုများက ထုတ်လုပ်မှု ပိုများသွားအောင် ထပ်မံရင်းနှီးမြှုပ်နှံခြင်း မပြုဘဲ ရှယ်ယာပိုင်ရှင်များကို ငွေခွဲဝေ ပေးဖို့ကိုသာ အာရုံစိုက်ထားကြတယ်။

ရလဒ်အဖြစ် ရေနံဈေးတက်ပါတယ်။ Brent ဧပြီလအတွက် ကြိုရောင်းကြိုဝယ် ရေနံစိမ်းဈေးနှုန်း ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဒေါ်လာ ၉၆.၅၅ ဖြင့် ဈေးဖွင့်ခဲ့ပါတယ်။ ဒေါ်လာ ၉၉.၅၀ အထိ မြင့်တက်ပြီးမှ ပြန်နိမ့်ကျခဲ့ပါတယ်။

ယခုနှစ်ကုန်မှာ တစ်ရက်လျှင် ရေနံစိမ်း စည်းစုစုပေါင်း ၁ သန်း သို့မဟုတ် ၂ သန်း အထိ လိုအပ်လိမ့်မယ်လို့ Hardy က ခန့်မှန်းထားပါတယ်။

ရေနံစိမ်း ထုတ်လုပ်မှု တိုးသော်လည်း လောင်စာသုံးစွဲမှု တိုးသလောက် မီအောင် တိုးမြှင့် ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောကြားပါတယ်။

ရေနံစိမ်း ကြိုရောင်းကြိုဝယ် ဈေးနှုန်းများက ရေနံစိမ်းဈေးကွက်မှာ အကျပ်အတည်း ဖြစ်ပေါ်နေကြောင်း ဖော်ပြနေပါတယ်။ နောင်ခါလာ နောင်ခါဈေး ဈေးနှုန်းများထက် မကြာခင် ရောက်ရှိမယ် လများအတွက် ဈေးနှုန်းတွေက ပိုမြင့်မားနေပါတယ်။ ထိုလက္ခဏာက လောလောဆယ် အကျပ်အတည်း ပိုကြီးမားနေကြောင်း ပြသနေပါတယ်။
၎င်းဈေးနှုန်းပုံစံက ရေနံစိမ်းမှာသာမက ဒီဇယ်၊ ဓာတ်ဆီ၊ သဘာဝဓာတ်ငွေ့ ကျောက်မီးသွေးတို့မှာလည်း လက်ရှိဖြစ်ပေါ်နေပါတယ်။

Energy News Global News Read 1037 times