SME ဝန်ထမ်းများအတွက် ထိုင်းအစိုးရက ဘတ် ၄၇ ဘီလျံ သုံးစွဲထောက်ပံ့သွားမည်


07 October, 2021

အသေးစားနှင့် အလတ်စား အရွယ်အစား လုပ်ငန်းများ small and medium-sized enterprises - SME မှ ဝန်ထမ်းများကို ဆက်လက်အလုပ်ခန့်ထားနိုင်စေရန်နှင့် အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်ရန် ထိုင်းအစိုးရက ဘတ် ၄၇ မီလျံ သုံးစွဲသွားမည် ဖြစ်သည်။

အစိုးရ ပြောရေးဆိုခွင့်ရသူ Thanakorn Wangboonkongchana က ယခု အစီအစဉ်သည် ဝန်ထမ်းအင်အား ၂၀၀ နှင့် အောက်တွင် ရှိသည့် လုပ်ငန်းများတွင် ၉၅% ကို အလုပ်ဆက်ခန့်ထားနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောကြားသည်။ ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် လူသစ်များ ထပ်ခန့်ဖို့အတွက် တိုက်တွန်းအားပေးရန် ဖြစ်သည်ဟု သူက ပြောကြားသည်။ 

National Economic and Social Development Council (NESDC) မှ အထွေထွေ အတွင်းရေးမှူး Danucha Pichayanan က ယခုထောက်ပံ့သည့် အစီအစဉ်သည် ဝန်ထမ်းတိုင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ တစ်လလျှင် ဘတ် ၃,၀၀၀ ထောက်ပံ့ပေးသွားမည်ဟု ပြောကြားသည်။ 

အစီအစဉ်တွင် SME စုစုပေါင်း ၄၈၀,၁၂၂ ခု အကျုံးဝင်သည်။ ထိုလုပ်ငန်းများသည် ဝန်ထမ်းများကို ဆက်လက်ခန့်ထားရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ဝန်ထမ်းအသစ်များ ခန့်ထားရန်လည်း အထောက်အကူ ရရှိစေမည် ဖြစ်သည်။ အစီအစဉ်တွင် ဝန်ထမ်းဦးရေ ၅.၀၄ သန်း အကျုံးဝင်သည်။ 
အကယ်၍ အလုပ်ရှင်က အလုပ်အကိုင်များ ဖန်တီးရန် သဘောတူသည်ဆိုပါက အစိုးရက ဝန်ထမ်းအသစ်ကို သတ်မှတ်ကာလအတွင်း တစ်လလျှင် ဘတ် ၃,၀၀၀ ထောက်ပံ့သည့် စာရင်းထဲ ထည့်ပေးလိုက်မည် ဖြစ်သည်။ 
ထိုအစီအစဉ်သည် ၂၀၂၁ ဒီဇင်ဘာလနှင့် ၂၀၂၂ ဇန်နဝါရီလတို့တွင် အလုပ်အကိုင် အသစ် စုစုပေါင်း ၂၅၂,၀၀၀ ခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။ 

အလုပ်ရှင်များနှင့် ဝန်ထမ်းများသည် လူမှုဖူလုံရေးရန်ပုံငွေတွင် စာရင်းပေးသွင်းပြီး မှတ်ပုံတင်ထားရန် လိုအပ်သည့်အပြင် ယခုနှစ် အောက်တိုဘာလမှ စ၍ လူမှုဖူလုံရေးကြေး ပေးသွင်းဖို့လည်း လိုအပ်သည်။ 

အစီအစဉ်၏ အထောက်အပံ့ ရယူသော အလုပ်ရှင်များသည် လက်ရှိဝန်ထမ်း၏ အနည်းဆုံး ၉၅% ကို အလုပ်ဆက်ခန့်ထားဖို့ လိုအပ်သည်။ 
 

Local News Read 323 times