ယန်း မြှင့်တင်ရန်  အောက်တိုဘာလ  ဝင်ရောက်စွက်ဖက်မှုတွင် ဒေါ်လာ ၄၂ ဒသမ ၈ ဘီလီယံ စံချိန်တင်သုံးစွဲခဲ့


31 October, 2022

ယန်း မြှင့်တင်ရန်  အောက်တိုဘာလ  ဝင်ရောက်စွက်ဖက်မှုတွင် ဒေါ်လာ ၄၂ ဒသမ ၈ ဘီလီယံ စံချိန်တင်သုံးစွဲခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်နိုင်ငံသည် ယခု အောက်တိုဘာလတွင် ယန်းငွေ ၆.၃၄၉၉ ထရီလီယံ (ဒေါ်လာ ၄၂.၈ ဘီလီယံ) ကို ယန်းတန်ဖိုး ထိန်းပေးရန် ငွေကြေးဝင်ရောက်စွက်ဖက်မှုတွင် စံချိန်တင် သုံးစွဲခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသည်။  ယန်းငွေကို ဝယ်ယူပြီး ကန်ဒေါ်လာကို ထုတ်ရောင်းသည့် ဝင်ရောက်စွက်ဖက်မှုကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ 

.
၂၀၂၂ အောက်တိုဘာ ၂၁ ရက်နေ့တွင် ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ယန်းသည်  151.94  သို့ ရောက်ရှိခဲ့သည်။ ၃၂ နှစ်တာအတွင်း  အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် ဝင်ရောက်စွက်ဖက်ရခြင်း ဖြစ်သည်။ 

.
အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို အကြိမ်ကြိမ် မြှင့်တင်ခဲ့ပြီး ဂျပန်ဗဟိုဘဏ်က နိမ့်ကျသော အတိုးနှုန်းကိုသာ ဆက်လက်ထားရှိသဖြင့် ကွာဟချက် ကြီးမားသဖြင့် ဒေါ်လာ-ယန်း လဲနှုန်းတွင် ယန်းအပေါ် ဖိအား  ကျရောက်လျက် ရှိသည်။
တနင်္လာနေ့(အောက်တိုဘာ ၃၁) တွင် ဒေါ်လာ-ယန်း ငွေလဲနှုန်းသည်  148.45 ရေချိန်တွင် ရောက်ရှိနေပါသည်။ 

.

 ဂျပန်နိုင်ငံသည် စက်တင်ဘာလကုန်တွင် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁.၂ ထရီလီယံခန့် ကျန်ရှိသည်။ တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံး ဖြစ်ပါသည်။ သို့ဖြစ်ရာ အောက်တိုဘာလတွင် ယန်းငွေကို ဝယ်ယူပြီး ကန်ဒေါ်လာကို ထုတ်ရောင်းသည့် ဝင်ရောက်စွက်ဖက်မှုကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ 
($1 = 148.4900 yen)
Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 280 times