အခွန်ထမ်းပြည်သူသို့ အသိပေးကြေညာချက်


28 August, 2020

အခွန်ထမ်းပြည်သူသို့ အသိပေးကြေညာချက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သြဂုတ်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် COVID-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်လိုသူများအတွက် လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စီမံချက်အဖွဲ့ရုံးတစ်ရုံးအား ၁၇-၈-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၌ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါ စီမံချက်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရှိရသည့်အတွက် ယင်းစီမံချက်ရုံးသည် အစုရှယ်ယာရှင်ဟောင်းများ ၏ ယခင်ထည့်ဝင်ခဲ့သည့် အစုရှယ်ယာများကို စိစစ်ရန်ဆောင်ရွက်သည့်စီမံချက်ရုံး မဟုတ်ကြောင်း ရှင်းလင်းအသိပေးအပ်ကြောင်း သိရှိရသည်။

အခွန်ထမ်းပြည်သူသို့ အသိပေးကြေညာချက်

၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် covID-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်လိုသူများအတွက် လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စီမံချက်အဖွဲ့ရုံးတစ်ရုံးအား ၁၇-၈-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၌ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ အဆိုပါ စီမံချက်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရှိရသည့်အတွက် ယင်းစီမံချက်ရုံးသည် အစုရှယ်ယာရှင်ဟောင်းများ ၏ ယခင်ထည့်ဝင်ခဲ့သည့် အစုရှယ်ယာများကို စိစစ်ရန်ဆောင်ရွက်သည့်စီမံချက်ရုံး မဟုတ်ကြောင်း ရှင်းလင်းအသိပေးအပ်ပါသည်။

၃။ စီမံချက်ရုံးဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅ အရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများကို သက်သာခွင့်ပြုထားရာ အဆိုပါ သက်သာခွင့်များကို ဘဏ္ဍာရေးနှစ် မကုန်မီ အချိန်မီ ခံစားနိုင်စေရန်၊

(ခ) အစုရှယ်ယာထည့်ဝင်ငွေများအပေါ် စည်းကြပ်မှုခံယူလိုသော အစုရှယ်ယာရှင်များ အနေဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအသီးသီးသို့ သွားရောက်၍ ဆောင်ရွက်ရခြင်း အစားတစ်နေရာတည်း၌ လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများ (Orie Stop Service) ကို ရရှိနိုင်စေရန်၊

(ဂ) အစုရှယ်ယာအသစ်ထပ်မံထည့်ဝင်သည့် အစုရှယ်ယာရှင်များအနေဖြင့် စည်းကြပ်မှု ခံယူခြင်းကို တစ်နေရာတည်းတွင် လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်ရန်၊

(ဃ) ယခင်ကအစုရှယ်ယာထည့်ဝင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စည်းကြပ်မှု ခံယူရခြင်းမရှိသေးသည့် အစုရှယ်ယာရှင်များအနေဖြင့်လည်း မိမိ၏ ဆန္ဒအလျောက် စည်းကြပ်မှုခံယူခြင်းကို လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်ရန်၊

(င) အစုရှယ်ယာထည့်ဝင်မှုများကို တစ်နေရာတည်းတွင် စည်းကြပ်မှုဆောင်ရွက်ခြင်းအား ဖြင့် စည်းကြပ်မှုများကို မျှတစေရန်နှင့် တစ်ပြေးညီဖြစ်စေရန်။

ပြည်တွင်းအခွန်များဦးစီးဌာန

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

By Myanmar Industry Guide

UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry

Local News Tips Read 893 times