နေထိုင်စရိတ် ဈေးအကြီးဆုံးမြို့များစာရင်း ထိပ်ဆုံးနေရာ နယူး‌ယောက်က စင်ကာပူကို မီလာ


02 December, 2022

နေထိုင်စရိတ် ဈေးအကြီးဆုံးမြို့များစာရင်း ထိပ်ဆုံးနေရာ နယူး‌ယောက်က စင်ကာပူကို မီလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ အတွက် နေထိုင်စရိတ် ကမ္ဘာ့ဈေးအကြီးဆုံးမြို့အဖြစ် ပထမနေရာတွင် စင်ကာပူနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို Economist Intelligence Unit ၏ နှစ်စဉ်အစီရင်ခံစာ စာရင်းတွင် တွေ့ကြရသည်။
စင်ကာပူသည် စာရင်းထိပ်တွင် နေရာယူထားသည်မှာ  အံ့အားသင့်စရာ မဟုတ်တော့ချေ။ ၂၀၂၁ တွင် ကမ္ဘာ့တိယစျေးအကြီးဆုံးမြို့ဖြစ်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်အတွင်း ၈ ကြိမ်တိုင်တိုင် နံပါတ်(၁) ဖြစ်ခဲ့ဖူးပါသည်။
နယူးယောက် နံပါတ်(၁) နေရာရောက်ရှိသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
.
ယမန်နှစ်က ပထမနေရာတွင် ရောက်ရှိနေခဲ့သော အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သည် ယခုနှစ် စာရင်းတွင် တတိယနေရာမှာ ရှိနေသည်။
.
မြို့ကြီးပြကြီး တည်ရှိနေသည့် နိုင်ငံ၏ နိုင်ငံသုံးငွေ တန်ဖိုးကျလျှင် ၎င်းမြို့ကြီးပြကြီး၏ အဆင့်လည်း လျော့ကျသည်ကို တွေ့ရသည်။
ဂျပန်ယန်းငွေ အားပျော့နေခဲ့ပြီး ဂျပန်မှ တိုကျိုမြို့နှင့် အိုဆာကာမြို့တို့လည်း အဆင့်လျော့ကျသွားသည်။ ၂၀၂၁ တွင် တိုကျိုသည် အဆင့် ၁၃ တွင်ရှိနေခဲ့ပြီး ၂၀၂၂ တွင် အဆင့် ၃၇ သို့ ကျဆင်းသည်။ အိုဆာကာသည် အဆင့် ၁၀ မှ ၄၃ သို့ ကျဆင်းသည်။
.


 

၂၀၂၂ ခုနှစ်တွင် နေထိုင်ရန် ကမ္ဘာ့စျေးအကြီးဆုံးမြို့ ၁၀ မြို့

၁။ နယူးယောက် အမေရိကန်နှင့် စင်ကာပူ (ပူးတွဲ)
၃။  တဲလ်အဗစ် အစ္စရေး 
၄။ ဟောင်ကောင် တရုတ် နှင့် လော့အိန်ဂျယ်လိစ် အမေရိကန် (ပူးတွဲ)
၆။ ဇူးရစ် ဆွစ်ဇာလန်
၇။ ဂျနီဗာ ဆွစ်ဇာလန်
၈။ စန်ဖရန်စစ္စကို အမေရိကန်
၉။ ပါရီ ပြင်သစ်
၁၀။ ကိုပင်ဟေဂင် ဒိန်းမတ်
.



၂၀၂၂ ခုနှစ်တွင် နေထိုင်ရန် ကမ္ဘာ့စျေးအသက်သာဆုံးမြို့ ၁၀ မြို့
.
၁၆၁။ ကိုလံဘို သီရိလင်္ကာ ၊ဘင်္ဂလို အိန္ဒိယ ၊ အယ်လ်ဂျီးရီးယား အယ်လ်ဂျီးရီးယား (ပူးတွဲ)
၁၆၄။ ချန်နိုင်း အိန္ဒိယ
၁၆၅။ အဟ်မဒါဘတ် အိန္ဒိယ
၁၆၆။ အာမာတီ ကာဇက်စတန်
၁၆၇။ ကရာချိ ပါကစ္စတန်
၁၆၈။ တာရှ်ကင့် ဥဇဘက်ကစ္စတန်
၁၆၉။ တူနစ် တူနီးရှား
၁၇၀။ တီဟီရန် အီရန်
၁၇၁။ ထရီပိုလီ လစ်ဗျား
၁၇၂။ ဒမားစကပ် ဆီးရီးယား
ရင်းမြစ်- EIU
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 689 times