နှစ်သစ်ကူး လက်ဆောင်ခြင်းများ ထိုင်းမှာ စစ်ဆေးရေးဝင်


18 December, 2022

နှစ်သစ်ကူး လက်ဆောင်ခြင်းများ ထိုင်းမှာ စစ်ဆေးရေးဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

နှစ်သစ်ကူး လက်ဆောင် စားသောက်ကုန်ခြင်းများကို ထိုင်းနိုင်ငံတစ်လွှားရှိ စူပါမားကက်များတွင် ရောင်းချနေသည်ကို ပြည်တွင်းကုန်သွယ်မှုဌာန Internal Trade Department (DIT) မှ ယခုလအတွင်းစစ်ဆေးခဲ့ပါသည်။

 

ပြည်တွင်းကုန်သွယ်မှုဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Chakra Yodmani ဦးဆောင်ပြီး ဘန်ကောက်ကုန်တိုက်များတွင် လက်ဆောင် စားသောက်ကုန် ခြင်းတောင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

ဒီဇင်ဘာလ အစကတည်းက ပြည်တွင်းကုန်သွယ်မှုဌာနမှ တာဝန်ရှိသူများသည် လက်ဆောင် စားသောက်ကုန်ခြင်းတောင်းများကို စစ်ဆေးရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

 

လက်ဆောင် စားသောက်ကုန်ခြင်းတောင်းတွင် ခြင်းတောင်းထဲ ပါရှိသည့် စားသောက်ကုန်များစာရင်း အသေးစိတ်ကို ဖော်ပြပေးထားရမည်ဖြစ်သည်။ ၎င်းစာရင်းပါ စားသောက်ကုန် ပစ္စည်းများ ခြင်းတောင်းထဲ ပါမပါ၊ စာရင်းမှာ ဖော်ပြထားသည့် အရွယ်အစား၊ အလေးချိန်၊ ပမာဏနှင့် ဈေးနှုန်းတို့ မှန်ကန်မှု ရှိမရှိ စစ်ဆေးပါသည်။ ရက်လွန်ရက်စွဲအရ စားသောက်ကုန်တိုင်း လတ်ဆတ်မှု ရှိမရှိ ဆိုသည်ကိုလည်း စစ်ဆေးပါသည်။ စားသောက်ကုန် သက်တမ်း အနည်းဆုံး ၆ မဖြစ်မနေ ကျန်ရှိရမည် ဖြစ်ပါသည်။

စာရင်းတွင် အသုံးပြုသော အက္ခရာစာလုံး အရွယ်အစား font size သည် ၁၆ ထက် ကြီးရမည်ဆိုသည့် သတ်မှတ်ချက်ကို လိုက်နာခြင်း ရှိမရှိကိုလည်း စစ်ဆေးပါသည်။

 

လက်ဆောင် စားသောက်ကုန်ခြင်းတောင်း ဝယ်ယူသူများသည် စည်းကမ်းမလိုက်နာကြောင်း တွေ့ရှိပါက hotline 1569 သို့ ဖုန်းဆက်တိုင်တန်းရန် Mr Chakra က တိုက်တွန်းထားပါသည်။

Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Global News Read 366 times