New Development Bank တွင် မြန်မာပါဝင်ရန် စဉ်းစားနေ


17 June, 2023

New Development Bank တွင် မြန်မာပါဝင်ရန် စဉ်းစားနေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

BRICS နိုင်ငံများက ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သော New Development Bank သို့ မြန်မာနိုင်ငံက ပူးပေါင်းရန် စဉ်းစားနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက Sputnik မီဒီယာသို့ Petersburg International Economic Forum (SPIEF) တွင် ပြောကြားခဲ့သည်။


BRICS နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည်  အဖွဲ့အစည်းဝင်များက အထူးသဖြင့် ရုရှားနိုင်ငံမှ ဖော်ဆောင်နေသော ကန်ဒေါ်လာအစား နိုင်ငံသုံးငွေကြေး သုံးစွဲရေး ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားသည်။

St. Petersburg International Economic Forum ကို ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ပါသည်။


Source Sputnik
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Banking & Loan Read 456 times