ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ မြေဧက ၆၆၀ ကျေ ်ာတွင် အသေးစားစက်မှုဥယျာဉ် ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းမျ ား ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင် (MIC) ခွင့်ပြုမိန့်ကို New City Development Public Co.,Ltd က ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုကွင်းအမှတ် ၁၀၂၀၊ သရက်ကုန်းကွင်း၊ ဦးပိုင်အမှတ် ၃၃၊ ၃၅၊ ၃၆၊ ၃၇၊ ၄၂၊ ၄၃၊၄၄၊ ၄၅-ခ၊၅၃-က၊ ၅၃-ခ၊ ၅၃-ဃ၊ ၅၄၊ ၅၅ ရှိမြေ ၂၁၉ ဒသ မ ၃၃ ဧက၊ ကွင်းအမှတ် ၁၀၂၁၊ အင်းဂတောက်ကွင်း၊ ဦးပိုင်အမှတ် ၈၊ ၉-က၊ ၉-ခ၊ ၁၀၊ ၁၀-င၊ ၁၁-က၊ ၁၁-ခ၊ ၁၁-ဃ၊ သ-၉ရှိမြေ ၂၆၄ ဒသမ ၂၈ ဧက၊ ကွင်းအ မှတ် ၁၀၂၂၊ ရဲမွန်ကလေးမြောက်ကွင်း၊ ဦးပိုင်အမှတ် ၂၁-က၊ ၂၁-ခ၊ ၂၂-က၊ ၂၂-ခ၊ ၂၂-ဃ ရှိမြေ ၁၈၂ ဒသ မ ၂၀ ဧက စုစုပေါင်း မြေဧရိယာ ၆၆၅ ဒသမ ၈၁ ဧကတွင် New City Development Public Co.,Ltd က မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နံှမှုဖြင့်အသေးစား စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့်ငှားရမ်းခြင်း လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး (၄/ ၂၀၁၈)က အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
New City Development Public Co.,Ltd (မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်) ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင်မှတ်ပုံတင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီတွင် ဒါရိုက်တာ ၁၀ ဦးပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။
မတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး (၄/ ၂၀၁၈) တွင် အဆိုပါ အသေးစား စက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်း အပြင် ဘီယာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ မှန်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ တယ်လီကွန်းနှင့်ပတ်သက်သည့်လုပ်ငန်း၊ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြုတာဝါတိုင် တည်ဆောက်ခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း၊ မြန်မာ့ ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက်အပန်း ဖြေစခန်းလုပ်ငန်းတို့ကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီး ဌာနများ / အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး(၄/ ၂၀၁၈) မှ ခွင့်ပြုပေးခဲ့သည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၄၄ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့သည်။
Eleven