Nestle  မြန်မာနိုင်ငံမှ ရုံးချုပ်နှင့် စက်ရုံ ပိတ်သိမ်း


28 February, 2023

Nestle  မြန်မာနိုင်ငံမှ ရုံးချုပ်နှင့် စက်ရုံ ပိတ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

 

Nestle သည် မြန်မာနိုင်ငံရှိ ရုံးချုပ်နှင့် စက်ရုံတို့ကို ပိတ်သိမ်းကြောင်း ကြေညာပါသည်။

 

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် စားသောက်ကုန် လုပ်ငန်းကြီး Nestle သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု အားလုံး ရပ်ဆိုင်းမည်ဟု ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားသည်။

 

လက်ရှိ စီးပွားရေး အခြေအနေကြောင့် စီးပွားရေး အချက်အချာကျသည့် ရန်ကုန်ရှိ ရုံးချုပ်နှင့်  စက်ရုံသည် လည်ပတ်မှု ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက AFP သို့ ပြောကြားခဲ့ပြီး အချိန်ကာလ သတ်မှတ်ချက်ကိုမူ ပြောကြားခြင်း မရှိပါ။

 

Nestle သည် မြန်မာနိုင်ငံတွင် Nescafe အသင့်‌ဖျော် ကော်ဖီ၊ Maggi ခေါက်ဆွဲနှင့် Milo chocolate maltဖျော်ရည်များကို ရောင်းချပါသည်။

စက်ရုံ ပိတ်သိမ်းပြီးနောက် ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ Nestle ထုတ်ကုန်များကို  မြန်မာကုမ္ပဏီတစ်ခုမှ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာတဲ့သူတိုင်းကို ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ စွမ်းဆောင်သွားမှာပါ" ဟု ၎င်းက Nestle တွင် မြန်မာနိုင်ငံအတွင်း အလုပ်ခန့်ထားသူ မည်မျှရှိသည်ကို အသေးစိတ်ဖော်ပြခြင်းမရှိဘဲပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာတဝှမ်း Nestle ၏ ရောင်းအား ကန်ဒေါ်လာ ၉၅ ဘီလီယံ ရှိခဲ့ပါသည်။

Source AFP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Investment/Divestment Read 288 times