အိန္ဒိယ အိမ်နီးနားချင်း ပထမ မူဝါဒ ကုန်သွယ်မှု ဒေါ်လာ ၄၁.၆ ဘီလီယံသို့ ‌မြင့်တက်


16 February, 2023

အိန္ဒိယ အိမ်နီးနားချင်း ပထမ မူဝါဒ ကုန်သွယ်မှု ဒေါ်လာ ၄၁.၆ ဘီလီယံသို့ ‌မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံ ပထမ Neighbourhood First မူဝါဒအရ အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁-၂၂ ဘဏ္ဍရေးနှစ်တွင် ကန်ဒေါ်လာ ၄၁.၆ ဘီလီယံအထိ တိုးလာခဲ့သည်။
အိမ်နီးချင်း နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုး ကန်ဒေါ်လာ ၁.၈၉ ဘီလီယံ ရှိခဲ့သည်။
အိမ်နီးချင်းနိုင်ငံ ပထမမူဝါဒတွင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာ နိုင်ငံတို့ ပါဝင်ပါသည်။
"အိမ်နီးနားချင်း ပထမမူဝါဒအရ အိန္ဒိယနှင့် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၇-၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂၇.၉ ဘီလီယံခန့်မှ ၂၀၂၂-၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၄၁.၆ ဘီလီယံခန့်အထိ တိုးလာခဲ့ပါသည်။"ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Rajkumar Ranjan Singh က ပါလီမန်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Neighborhood First ပေါ်လစီသည် ဒေသတွင်းရှိ လူများထံ ရုပ်ပိုင်းဆိုင်ရာ၊ ဒစ်ဂျစ်တယ်နှင့် လူအချင်းချင်း ဆက်သွယ်မှု တိုးမြှင့်ရန် ရည်ရွယ်ပြီး ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၅ နှစ်တာတွင် နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်မှုသည် ကြီးထွားမှု အမြင့်မားဆုံး ဖြစ်ခဲ့သည်။
၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၈.၁၃ ဘီလီယံ ရှိခဲ့ပြီး နီပေါနှင့် ကန်ဒေါ်လာ ၁၁.၀၂ ဘီလီယံ ရှိခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပါကစ္စတန်နှင့် ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ပြီး ၂ဝ၂၂ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၅၂၀ သာ ရှိခဲ့သည်။ မော်လ်ဒိုက်နှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၇၄၀ ထက် နည်းပါးသည်။
၂ဝ၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယသည် အာဖဂန်နစ္စတန်နှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁.၀၇ ဘီလီယံ ရှိခဲ့သည်။
မြန်မာနှင့် ကန်ဒေါ်လာ ၁.၈၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၁ ဘဏ္ဍာနှစ်နှင့် မတိမ်းမယိမ်း ဖြစ်သည်။

သီရိလင်္ကာနှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆.၈၁ ဘီလီယံ ရှိခဲ့သည်။ ၂၀၂၁ ဘဏ္ဍာနှစ်ထက် ပိုများလာခဲ့ပါသည်။
ဘူတန်နှင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁.၄၃ ဘီလီယံ ရှိခဲ့သည်။ ဘူတန်နှင့် ကုန်သွယ်မှုသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း တည်ငြိမ်ပြီး တသမတ်တည်း ရှိနေခဲ့သည်။
Source swarajyamag
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 374 times