စီးပွားရေး မသေချာမရေရာမှုများကြောင့် သက်တမ်းကုန်ခါနီးစားသောက်ကုန် ဝယ်လိုအား မြင့်တက်


17 September, 2022

စီးပွားရေး မသေချာမရေရာမှုများကြောင့် သက်တမ်းကုန်ခါနီးစားသောက်ကုန် ဝယ်လိုအား မြင့်တက်

တရုတ်နိုင်ငံ၏ စီးပွားရေး မသေချာမရေရာမှုများကြောင့်  မကြာမီ သက်တမ်းကုန်တော့မည့် စားစရာကို ရွေးချယ်ဝယ်ယူမှုများ အရှိန်တက်လာသည်။ 

 

စတိုးဆိုင်ခွဲများ ဖွင့်လှစ်သည့်  HotMaxx  ကို လွန်ခဲ့သည့် ၂ နှစ်က စတင်ခဲ့ပြီး ယခုအခါ နေရာ ၅၀၀ ကျော်တွင် လက်လီအရောင်းဆိုင်ခွဲများ ဖွင့်လှစ်ထားသည်အထိ ကြီးထွားလာသည်။ HotMaxx သည် အခြားစတိုးဆိုင်များနှင့် နှိုင်းယှဉ်ပါက စျေးနှုန်းသက်သာစွာဖြင့် အစားအသောက်နှင့်နေ့စဉ်သုံးပစ္စည်းများကို ရောင်းချပေးသည်။ 

COVID-19  လော့ဒေါင်းချခြင်းများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ်  သိသိသာသာ သက်ရောက်မှုရှိသောကြောင့် လက်လီရောင်းချသူ အများအပြားတို့သည် သက်တမ်းကုန်ခါနီး  အစားအသောက်များကို ဈေးပေါပေါဖြင့် ရောင်းချပေးကာ စျေးဝယ်သူများကို ဆွဲဆောင်လျက်ရှိသည်။

သွားရည်စာများမှအစ အခုချက် အခုကျက် အစားအစာများအလယ်၊ အဖျော်ယမကာများအဆုံး  အဆမတန်လျှော့စျေးဖြင့် ရောင်းချပေးသော စားသောက်ကုန်များကို  HotMaxx  စတိုးဆိုင်ခွဲများရှိ စင်များပေါ်တွင် အစီအရီ တင်ထားသည်။ ဈေးနှုန်းများကို ကြည့်လိုက်ပါဦး။ စည်သွတ်အသားဘူးသည် ပြိုင်ဘက်စတိုးဆိုင်များထက် အကြမ်းဖျင်းအားဖြင့် ၄၀ ရာခိုင်နှုန်းခန့်သက်သာနေသည်ကို တွေ့ရမည်။  ဂျပန်အာလူးကြော်များမှာ ထက်ဝက်  သို့မဟုတ် ထက်ဝက်နီးပါး စျေးချပေးထားသည်။ 


စတိုးဆိုင်သည် မကြာမီ သက်တမ်းကုန်တော့မည့် စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ သတ်မှတ်ပေးပြီး  ရောင်းချနေသည်။ လက်လီရောင်းချသူများသည် စားသောက်ကုန်သည် သက်တမ်းကုန်ခါနီးသည်နှင့် စင်ပေါ်မှဖယ်ရှားလေ့ရှိသည်။ ထိုသို့သော စားသောက်ကုန်များသည် HotMaxx ကဲ့သို့သော လက်လီဆိုင်ခွဲများဆီသို့ ရောက်ရှိသည်။ 

"သူငယ်ချင်းဆီ သွားတဲ့အခါ စားဖို့ ဒီဆိုင်ကနေ သွားရည်စာတွေ ဝင်ဝယ်တယ်။ သက်တမ်းကုန်ခါနီးနေတာအတွက် ပူစရာမလိုပါဘူး။ ကျွန်တော်က တော်ကြာနေရင် စားတော့မှာ မဟုတ်လား" ဟု အသက် နှစ်ဆယ်နှစ် ဝန်းကျင်ရှိသော ဈေးတယ်သူက ပြောပြသည်။ 
 
၂၀၂၀ ခုနှစ်တွင် စတင်ရောင်းချချိန်မှစ၍ HotMaxx သည်  ၂၀၂၂ ဇွန်လအထိ တရုတ်နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၅၀၀ ကျော်အထိ စတိုးဆိုင်များ တိုးချဲ့ခဲ့သည်။ လုပ်ငန်း သဘောသဘာဝ တူသည့် Rival HitGoo စည် ၂၀၂၂ မေလတွင် ဆိုင်ခွဲ စုစုပေါင်း ၂၀၀ ခန့် ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်သည်။ 

 

iiMedia Research ၏ အဆိုအရ မကြာမီသက်တမ်းကုန်ဆုံးတော့မည့် စားသောက်ကုန်များ လက်လီရောင်းချသည့်လုပ်ငန်းကဏ္ဍတွင် ကုမ္ပဏီ အရေအတွက်သည်  အကြမ်းဖျင်းအားဖြင့် ၂၀၂၁ ခုနှစ်တွင် ခြောက်ဆတိုးလာကာ ၆၈ ခုအထိ ရှိလာခဲ့သည်။  ၎င်းလုပ်ငန်းကဏ္ဍဈေးကွက် တန်ဖိုးမှာ ယွမ် ၃၁.၈ ဘီလီယံ (ကန်ဒေါ်လာ ၄.၅၉ ဘီလီယံ) ဖြစ်သည့်အထိ ကြီးထွားနေပြီ ဖြစ်သည်။ 

 

အဆိုပါ ခေတ်ရေစီးကြောင်းသည် ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးနှေးကွေးမှုမှ ပေါ်ပေါက်လာသော အစိတ်အပိုင်းကဏ္ဍတစ်ခု ဖြစ်သည်။ 

"တချို့နေရာတွေမှာ အသုံးစရိတ်တွေကို အဆင့်မြှင့်တင်မှုတွေ တွေ့နေရပြီး တခြားနေရာတွေမှာ အဆင့်နှိမ့်တာတွေ တွေ့နေရတယ်" ဟု HitGoo ကို ပူးတွဲထူထောင်သူ Zhao Peng က ပြောကြားသည်။ 

 

ကလဲ့စားဈေး သုံးစွဲမှု  "revenge spending" ဟု ခေါ်သော ထူးခြားဖြစ်ရပ်ဖြင့် ကိုဗစ်ကာလတွင် မဝယ်ဖြစ်ခဲ့သည့် စည်းစိမ်ပြပစ္စည်းများကို ဈေးကြီး ဝယ်ယူမှုများ ရှိနေသော်လည်း ယင်းသည် ချမ်းသာသူတို့၏ ကလဲ့စားချေခြင်းသာ ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ လူလတ်တန်းစားနှင့် အလုပ်သမား လူတန်းစားများသည် အလုပ်အကိုင် အချိန်မရွေး အလုပ်ပြုတ်နိုင်ခြင်း၊ ပုံမှန်ဝင်ငွေဖြစ်သော လစာအပေါ် စိုးရိမ်မှုများ တိုးလာနေချိန်တွင် ၎င်းတို့သည် ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ကြသည်။ 

 

မကြာမီ သက်တမ်းကုန်တော့မည့် စားသောက်ကုန်များ ဝယ်လိုအား များနေသော်လည်း ယင်းကဏ္ဍမှ ကုမ္ပဏီများသည် အမြဲတစ‌ေ အရေအတွက် ပိုများလာနေသော ပြိုင်ဘက်များ၊ အမြဲတစေ တိုးတက်နေသော ပြိုင်ဆိုင်မှုများကို အမီလိုက်နိုင်ရန် ရုန်းကန်နေကြရပါသည်။

 

မတ်လတွင် ရှန်ဟိုင်းတရားရုံးက Boom Boom Mart ကို လုပ်ကိုင်သည့် ကုမ္ပဏီအား ၎င်းထံ ပေးသွင်းသူများအား ငွေပေးချေရန် အမိန့်ပေးခဲ့သည်။ ၎င်းကုမ္ပဏီသည် ပြင်းထန်သော ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

 

 အခြားစတိုးဆိုင်များမှ  သက်တမ်းကုန်ဆုံးခါနီး လက်ကျန်စားသောက်ကုန်များကို ရယူပြီး ရောင်းချသည်ဖြစ်စေ၊ လုပ်ငန်းပြုတ်သဖြင့် ‘ဂိုဒေါင်ရှင်း’ ရောင်းချသည့်ဆီမှ ရယူပြီး ရောင်းချသည်ဖြစ်စေ ၎င်းသက်သာစတိုးဆိုင်များသည် ရင်းမြစ်နှင့် လုံလောက်သော ရောင်းအား ရှိနေဖို့ အလွန်အရေးကြီးသည်။ စားသောက်ကုန် ရောင်းချသည့်အပေါ် ရရှိသည့် အမြတ်မှာ ပါးပါးလေးသာ ရသည်။ ကုန်ကျစရိတ်အသီးသီးက တရိပ်ရိပ်တက်နေသည်။ သို့ဖြစ်ရာ ရသည့်အမြတ်ပဲ့ပါသည့်အပြင် အရင်းအနှီးကိုပါ ထိခိုက်သည်။ 

Source: asia nikkei
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Global News Read 3417 times