အလူမီနီယံကုန်ကြမ်း ဘောက်ဆိုက်တင်ပို့မှု အင်နီးရှား ပိတ်ပင်တော့မည်


23 December, 2022

အလူမီနီယံကုန်ကြမ်း ဘောက်ဆိုက်တင်ပို့မှု အင်နီးရှား ပိတ်ပင်တော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူသည် ဗုဒ္ဓဟူးနေ့တွင် ဘောက်ဆိုက်သတ္တုရိုင်း  တင်ပို့မှုအား တားမြစ်ကြောင်း ကြေညာခဲ့ပါတယ်။
သတ္တုရိုင်းအဖြစ် တင်ပို့ခြင်းအစား ပြည်တွင်းမှာ သတ္တုစင်ဖြစ်အောင် သန့်စင်ပြီးမှ ၎င်းသတ္တုစင်ကို တင်ပို့ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။ 
ပြည်တွင်းတွင်းထွက်သတ္တုများသန့်စင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန်၊ သတ္တုရိုင်းအစား သတ္တုစင်တင်ပို့ခြင်းဖြင့် ဈေးပိုရစေရန် ရည်ရွယ်ပါတယ်။
.
ဝီဒူဒူက ပြည်တွင်း တွင်းထွက်သတ္တုရိုင်း သန့်စင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခိုင်အမာ ဆက်လက်ရပ်တည်နေပါတယ်။
.
“အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ သဘာဝအရင်းအမြစ်ကဏ္ဍမှာ အချုပ်အခြာအာဏာကို စဉ်ဆက်မပြတ်တည်ဆောက်ပြီး ပြည်တွင်းထုတ်ကုန်များရဲ့တန်ဖိုးကို ဖြည့်ထည့်ခြင်းဖြင့် တတ်နိုင်သမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ဖို့၊ တန်ဖိုးဖြည့်ထည့်ထားတဲ့ ထုတ်ကုန်များ ရောင်းချခြင်းဖြင့်  နိုင်ငံခြားငွေ ဝင်ငွေ ပိုမိုရရှိမှာ ဖြစ်ပြီး နိုင်ငံစီးပွားရေးတိုးတက်မှုကို ဖန်တီးပေးဖို့ သံန္နိဋ္ဌာန် ချထားပါတယ်” ဟု ဝီဒူဒူက ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် မူဝါဒကို ကြေညာခဲ့ပါတယ်။
.
အလူမီနီယမ်အတွက် အဓိကအရင်းအမြစ်ဖြစ်သော ဘောက်ဆိုက်အရိုင်း တင်ပို့မှု တားမြစ်ချက်ကို ၂၀၂၃ ဇွန်လတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။
.
အင်ဒိုနီးရှားသည်  ကမ္ဘာ့ပဉ္စမ အများဆုံး ဘောက်ဆိုက်သတ္တုရိုင်း ထုတ်လုပ်သည့် နိုင်ငံဖြစ်ပါတယ်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 470 times