မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်သဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျနို


05 March, 2023

မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်သဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြန်မာကမ်းလွန်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ကိုင်သော ပြည်ပမှ စွမ်းအင်ကုမ္ပဏီများတစ်ခုပြီး တစ်ခု ထွက်ခွာသွားကြသည်။ မြန်မာမှ ထွက်ခွာမည့် အလားအလာ မရှိဘဲ ဆက်လက်လုပ်ကိုင်နေဆဲ ကုမ္ပဏီများလည်း ရှိသည်။ သို့သော် စီမံကိန်းများမှာ ရပ်တန့်နေပြီ ဖြစ်သည်။ 

ထိုင်းနိုင်ငံ၏ အစိုးရကျောထောက်နောက်ခံပြု စွမ်းအင်ကုမ္ပဏီ PTT ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် PTT Exploration and Production (PTTEP) သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုများ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းကို အချိန်ရွှေ့ဆိုင်းလိုက်ပါသည်။
ရွှေ့ဆိုင်းထားသောစီမံကိန်းတွင် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းအပြင်  ကမ်းလွန်ဓာတ်ငွေ့ကို ကုန်းတွင်းသို့ ပို့ဆောင်ရန် ပိုက်လိုင်းများ သွယ်တန်းလုပ်ကိုင်မည့် အစီအစဉ်လည်း ပါဝင်သည်။

PTTEP တွင်  M3 Block ဟုခေါ်သော ကမ်းလွန်တူးဖော်ရေး လုပ်ကွက်တွင် အဓိက သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခု ရှိပါသည်။ 
M3 Block တွင် တစ်ဦးတည်းရှယ်ယာရှင်ဖြစ်သည့် PTTEP သည် "မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေကြောင့် စီမံကိန်းနှောင့်နှေးမည်" ဟု ရင်းနှီးမြှုပ်နှံသူများအတွက် အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။

PTT မှ စက်သုံးဆီ အရောင်းဆိုင်များ လည်ပတ်နေသည့် PTT Oil and Retail Business လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ၎င်း၏ စက်သုံးဆီသိုလှောင်မှု လုပ်ငန်းကို ရပ်ဆိုင်းထားမည်ဟု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။

ထိုင်းအစိုးရသည် PTT ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း ကုမ္ပဏီသည် ထိုင်းနိုင်ငံ၏ စတော့အိတ်ချိန်းတွင် ရောင်းဝယ်ဖောက်ကားနေသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ဆန္ဒကို လျစ်လျူမရှုနိုင်ပေ။
သို့သော်လည်း ထိုင်းနိုင်ငံသည် ၎င်း၏ သဘာဝဓာတ်ငွေ့ ပေးသွင်းမှု၏ ၁၅ ရာခိုင်နှုန်းခန့်အတွက် မြန်မာနိုင်ငံအပေါ်  မှီခိုနေရသောကြောင့် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့  တင်သွင်းခြင်း အားလုံးကို တစ်ကြိမ်တည်းဖြင့် ရပ်လိုက်ဖို့ ဆိုသည်မှာ ထိုင်းနိုင်ငံအတွက် ခက်ခဲမည်ဖြစ်သည်။


Chevron အပါအဝင် အနောက်တိုင်းကုမ္ပဏီများသည် မြန်မာနိုင်ငံမှ လုံးဝထွက်ခွာလုနီးပါး၊ အခြေအနေတွင် ရောက်ရှိနေကြသည်။ 

အနောက်နိုင်ငံကုမ္ပဏီများတွင် Chevron သည် မြန်မာနိုင်ငံ အကြီးဆုံး ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်း စီမံကိန်း ဖြစ်သည့် ရတနာ  ဓာတ်ငွေ့သိုက်မှ ၎င်း၏ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို  ကနေဒါနိုင်ငံ MTI Energy ၏ ယူနစ်တစ်ခုသို့ ထုတ်ဖော်ပြောကြားခြင်း မပြုသော ငွေပမာဏဖြင့် ရောင်းချရန် သဘောတူညီခဲ့သည်။

ရတနာ  စီမံကိန်း၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံမှ TotalEnergies သည်လည်း ၎င်း၏ ရှယ်ယာများကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။

မည်သည့်ကုမ္ပဏီများ ဆက်လက်လုပ်ကိုင်နေကြသနည်း။ PTTEP နှင့် တောင်ကိုရီးယား ကုန်သွယ်ရေးကုမ္ပဏီ POSCO International တို့သည် မြန်မာနိုင်ငံတွင် ကျန်ရှိနေသည့်  နိုင်ငံခြားကုမ္ပဏီကြီးများဖြစ်သည်။
အစိုးရပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း Myanma Oil and Gas Enterprise (MOGE) သည် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် လေးခုစလုံးတွင် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။ MOGE အနေဖြင့် ပြည်ပကုမ္ပဏီ မပါဘဲ ကမ်းလွန်ဓာတ်ငွေ့သိုက် ရှာဖွေတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပေးပို့ခြင်းတို့ကို လုပ်ကိုင်နိုင်စွမ်း မရှိသေးပေ။ 

 


မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်ကို ပိုက်လိုင်းမှတစ်ဆင့် ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ ဓာတ်ငွေ့သည် နိုင်ငံ၏ စုစုပေါင်း ပြည်ပတင်ပို့မှုတန်ဖိုးပမာဏ၏ ၂၀% ခန့်ရှိသည်။


၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ အပါအဝင် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံမှ ဓာတ်ငွေ့တင်သွင်းမှု စုစုပေါင်းတန်ဖိုးသည် ယခင်နှစ်ထက် ၅၅% တိုးလာပြီး ထိုင်းဘတ်ငွေ ၈၅.၁ ဘီလီယံ (ကန်ဒေါ်လာ ၂.၄ ဘီလီယံ) ဖိုး ရှိသည်။ 
တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှုသည်  ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ယွမ် ၉ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ဖိုး ရှိသည်။ 

Japan Organization for Metals and Energy Security (JOGMEC)၏ အချက်အလက်များအရ သဘာဝဓာတ်ငွေ့ တင်ပို့မှုတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးသည်။ JOGMEC ၏ တွက်ချက်မှုများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေမှုစာချုပ်များအောက်တွင် အစိုးရ၏ အမြတ်ဝေစုခွဲဝေမှု၊ MOGE ၏ အစုရှယ်ယာများမှ အမြတ်ဝေစုများနှင့် နိုင်ငံခြားကုမ္ပဏီများမှ ပေးဆောင်သော ကော်ပိုရိတ်အခွန်များကဲ့သို့သော ရင်းမြစ်များ ပါဝင်သည်။ 

 မြန်မာနိုင်ငံရှိ လက်ရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
JOGMEC ၏ အဆိုအရ ၁၉၉၈ ခုနှစ်တွင် လုပ်ငန်းစတင်ချိန်က မူလပမာဏ ၆.၄ ထရီလီယံ ကုဗပေ၏ ၁၀% သာသာမျှသာ ကျန်တော့ကြောင်း JOGMEC မှ သိရသည်။ လျော့ကျနေခြင်းသည် လာမည့်ငါးနှစ်အတွင်း ပိုမိုသိသာလာမည်ဟု ခန့်မှန်းထားသည်။
ယခုအခါ ရတနာဓာတ်ငွေ့သိုက်သည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။
အခြားသော ဓာတ်ငွေ့တွင်းများသည်လည်း အလားတူပင် လျော့ကျနေသည်။

Petronas မှ လုပ်ကိုင်ခဲ့သည့် ရဲတံခွန်ဓာတ်ငွေ့သိုက်မှ အထွက်နှုန်းသည် ၂၀၂၀ ခုနှစ်မှစ၍ သိသိသာသာ ကျဆင်းလာပြီးသည့်နောက်  ၂၀၂၂ ခုနှစ်တွင်  မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas ၊ ထိုင်းမှ PTTEP နှင့်  ဂျပန်နိုင်ငံမှ စွမ်းအင်ကုမ္ပဏီ ENEOS အပါအဝင်အစောပိုင်းရင်းနှီးမြှုပ်နှံသူများအားလုံးသည် ၎င်းတို့ နုတ်ထွက်ကြောင်းကို ကြေညာခဲ့သည်။

တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ အများအပြား တင်ပို့နေသည့် POSCO International မှ လုပ်ကိုင်သော ရွှေဓာတ်ငွေ့သိုက်သည်  ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။ ထပ်လောင်းရင်းနှီးမြှုပ်နှံမှုများဖြင့်  ချဲ့ထွင်နိုင်သော်လည်း လောလောဆယ်တွင် ချဲ့ထွင်မည့် အလားအလာ နည်းပါးသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုက် အသစ်များ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာလည်း နည်းပါးသည်။

ကမ်းလွန်တူးဖော်ရေး အစုလိုက် တူးဖော်ခွင့်ကို ၂၀၁၃ ခုနှစ်တွင် အစိုးရက လေလံတင်ခဲ့ရာ  Woodside၊ TotalEnergies၊ Shell နှင့် အီတလီနိုင်ငံမှ Eni တို့ ကဲ့သို့သော နိုင်ငံခြားကုမ္ပဏီများ တင်ဒါအောင်ခဲ့ကြသည်။ ယခုအခါ ၎င်းကုမ္ပဏီများတွင် ရှာဖွေတူးဖော်ခွင့်ကို စွန့်လွှတ်ထားပြီးပြီ ဖြစ်သည်။ 

ဓာတ်ငွေ့သိုက်များကို Block A6 တွင် အတည်ပြုထားသော်လည်း ၎င်းစီမံကိန်းတွင် ရှယ်ယာ ၄၀%စီ ပိုင်ဆိုင်ထားသော TotalEnergies နှင့် Australia ၏ Woodside Energy Group တို့က နောက်ဆုတ်သွားခဲ့ကြပြီ ဖြစ်သည်။ 
အဆိုပါ ဓာတ်ငွေ့သိုက်သည်  ရေနက်ပိုင်းတွင် တည်ရှိနေခြင်းကြောင့် ပြည်တွင်းကုမ္ပဏီများက လွှဲပြောင်းယူနိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ဓာတ်ငွေ့နှင့် ဓာတ်အားတိုသည့် တိုက်ရိုက်ဆက်နွှယ်နေပါသည်။ 
၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာ့လျှပ်စစ်ဓာတ်အား အရင်းအမြစ်များတွင် သဘာဝဓာတ်ငွေ့က 
 ၄၉ ရာခိုင်နှုန်းနှင့် ခြောက်သွေ့ရာသီတွင် ထုတ်လုပ်မှု သိသိသာသာ လျော့ကျလေ့ရှိသည့် ရေအားလျှပ်စစ်က ၄၃ ရာခိုင်နှုန်းဖြစ်သည်။ ကျောက်မီးသွေးကဲ့သို့သော အရန်အရင်းအမြစ်များမှာ အနည်းအကျဉ်းစီမျှသာ ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ ရပ်ဆိုင်းခြင်းသည် နိုင်ငံအတွင်း ဓာတ်အားပြတ်တောက်မှုကို ပိုမိုဆိုးရွားစေနိုင်ပါသည်။
Source asia nikkei

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 296 times