MyCo စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော ကုမ္ပဏီများ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်


12 March, 2019

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ - ၂၀၁၇၊ ပုဒ်မ - ၄၂၁ ( ဃ ) အရ အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီများပြန်လည်မှတ်ပုံတင်ခြင်းအား၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ခြောက်လတာကာလအတွင်း ဆောင်ရွက်ဖို့ ကြေညာချက်များ ထုတ်ပြန်ပေးခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခြင်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့ကြောင့် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်တဲ့ ကုမ္ပဏီများအား မှတ်ပုံတင်စာရင်းမှ မကြာမီ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။


သို့သော် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မှတ်ပုံတင်ရန်ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ၂၀၁၉ ခုနှစ် မတ် ၃၀ ရက် နောက်ဆုံးထားပြီး သတ်မှတ်အခြေ့ကးငွေပေးဆောင်၍ ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ( ရန်ကုန်ရုံးချုပ် ) တွင် ကိုယ်တိုင်လာရောက်ဆောင်ရွက်နိုင်ပါတယ်။

တရုတ်- မြန်မာနှစ်နိုင်ငံအစိုးရအကြား ကုန်စည်ဖလှယ်မှုအစီအစဉ် ဆောင်ရွက်သွားမည်
ထိုသို့လာရောက်ဆောင်ရွက်ရာတွင် အမိန့်ကြော်ငြာစာ  ( ၆၄/ ၂၀၁၈ ) ပါအတိုင်း မှတ်ပုံတင်စာရင်းတွင် ပြန်လည်ထိန်းသိမ်းခြင်းအတွက် သတ်မှတ်အခကြေးငွေ ပေးဆောင်ရမည်ဖြစ်ပြီး မတ်၃၀ ရက်နောက်ဆုံးတင်ပြလာသော ပြန်လည်မှတ်ပုံတင်ခြင်းကိစ္စများအား လုံးဝလက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။


၂၀၁၉ ခုနှစ် ဖောဖော်ဝါရီလကုန်အထိ  MyCo စနစ်ဖြင့် ကုမ္ပဏီပေါင်း ၅၉၀၀၀ ကျော်က မှတ်ပုံတင်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင် MyCo မှတ်ပုံတင်စနစ်ကို အသုံးပြု၍ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီများအားလုံးရဲ့ သတင်းအချက်အလက်များကို ရှာဖွေနိုင်ပါတယ်။

Daily Eleven

Myanmar Industry Directory

Local News Read 428 times