မြဝတီနယ်စပ်ကုန်သွယ်ရေး ဘတ်ဈေး အနည်းငယ် မြင့်တက်


17 January, 2023

မြဝတီနယ်စပ်ကုန်သွယ်ရေး ဘတ်ဈေး အနည်းငယ် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးတွင် ၂၀၂၃ ဇန်နဝါရီလ ဒုတိယပတ်ကာလအတွင်း ကျပ်-ဘတ် ငွေလဲနှုန်းတွင် ဘတ် တန်ဖိုးအနည်းငယ် မြင့်တက်ခဲ့ပါသည်။ 
 ယခုလ ဆန်းပိုင်းတွင်ဘတ်ဈေးသည် တစ်ဘတ်လျှင် (၇၉.၃၆) ကျပ်ထိရှိခဲ့ပြီး ဒုတိယပတ်ကာလအတွင်း တစ်ဘတ်လျှင် (၈၆.၂၀) ကျပ်ခန့်အထိ ဘတ်ဈေးအနည်းငယ် ပြန်တက်လာခဲ့ပါသည်။ သို့ဖြစ်ရာ  သွင်းကုန်တင်သွင်းကုန်သည်များအနေဖြင့် ဘတ်ဈေး အနည်းငယ် ပြန်တက်လာသောကြောင့်  သွင်းကုန်တင်သွင်းမှု အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။


မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၁၀-၁-၂၀၂၃)မှ (၁၄-၁-၂၀၂၃)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများတင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ချင်းခြောက်၊ ငရုတ်၊ ပြောင်းမှုန့်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊  နနွင်း၊ နှမ်း၊ သခွားစေ့၊ ပီလောပီနံမှုန့်၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဆန်ကွဲ၊ မြေပဲ၊Black Sasame Seed၊ ပီလောပီနံခြောက်၊ Dried Drumstick Seed၊ Dried Indian GooseberrySeed ၊Dried IndianTrampet Seed တို့ကိုတင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ ငါးကွင်းရှပ်၊ ကျောက်ငါး၊ ငါးတီး၊ ငါးမွှေထိုး၊ ငါးပြေမ၊ ကကူယံ၊ ငါးစီလုံး၊ ငါးသလောက်၊ငါးဓားလွယ်၊ ငမုတ်၊ ကဏန်း၊ ငါးခွေးလျာ၊ ပုစွန်၊ ငါးပိတို့ တင်ပို့လျက်ရှိပါသည်။CMP တင်ပို့မှုမှ အမျိုးသားဝတ် ဂျာကင်အရှည်၊ ဘောင်းဘီတို၊ Jumbo Bag ၊ အမျိုးသမီးဝတ်ဘောင်းဘီ၊ Inductor ၊ Line Filter တို့ကို တင်ပို့လျက် ရှိပါသည်။ အများဆုံးပို့ကုန်ပစ္စည်းကတော့ CMP ၊ ငရုတ်၊ ရေထွက်၊ ဆန်မှုန့်၊ မြေပဲ၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ ဆန်ကွဲ၊ ငါးပိ၊ပြောင်းမှုန့်၊နှမ်း၊  Aluminium Scrap ၊ Blended Scotch Whisky ၊ Cigarette တို့ဖြစ်ပါသည်။ 

ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံသို့ ခရီးသွားလုပ်ငန်း များပြန်လည် စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ အသုံးပြုလာခြင်း၊ ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်စားသောက်ခြင်း၊ စားသောက်ကုန်လုပ်ငန်း စားသောက် ဆိုင်များတွင် အသုံးပြုရန်လို အပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်းများဖြစ်သည့် ဆန်မှုန့်၊ ငရုတ်တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါ သည်။ 

Aluminium Scrap အား အရည်ကျို၍ ကုန်ချောများ ပြန်လည်ထုတ်လုပ်ရန်အတွက် ဝယ်ယူ ခြင်းဖြစ်ပါသည်။ 

ရေထွက်ပစ္စည်း တင်ပို့မှုသည် မဲဆောက်မှတဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အထိ အချိန်မီတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ရေထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှုလမ်း ကြောင်းတစ်လျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက်နိုင်ငံသို့ အမြန်ရောက် ရှိရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ထိုနည်းတူ ကုန်စိမ်းပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ငရုတ်၊ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ဂျူတီယာဉ်များ၏ ကုန်ပစ္စည်းကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါ ပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှုရှိ/မရှိကို သက်ဆိုင်ရာဌာနအနေဖြင့် စနစ်တကျစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် Garment ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်များ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဖိနပ်များ၊ အသင့်ချုပ်ပြီးအဝတ် အထည်များ၊ သစ်သီး၊ အိမ်သုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များ၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ ကားအပိုပစ္စည်း၊ LPG ၊ Lubricant ၊ Packing Material ၊ သုတ်ဆေး၊ လျှပ်စစ်ပစ္စည်းများတင်သွင်းလျက်ရှိပါသည်။ ချည်ပိတ်လိပ်များ၊ကြွေပြား၊ စားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊  စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်း ပစ္စည်း၊ Lubricant ၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်းများ အများဆုံးတင်သွင်းခဲ့ပါသည်။ 

(၅-၁-၂၀၂၃)ရက်နေ့မှစ၍ သွင်းကုန်ယာဉ်များအနေဖြင့် လမ်းခရီးပြန်လည်ကောင်းမွန် လာပြီ ဖြစ်၍ ပုံမှန်အတိုင်းသွားလာလျက်ရှိပါသည်။

Source commerce

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 383 times