Myanenergy 2017 and Myanwater 2017 Expos


28 November, 2017

Myanenergy 2017 and Myanwater 2017 Expos

လျှပ်စစ်စွမ်းအင်နှင့် ရေသန့်စင်ရေးလုပ်ငန်းတွင် ကျင်လည်နေသည့် ပညာရှင်ပေါင်း ၆၀၀၀ ထောင်ကျော်တက်ရောက်ခဲ့သည့် Myanenergy/Myanwater 2017ကုန်စည်ပြပွဲကြီး

Myanenergy/Myanwater 2017 ပြပွဲကြီးသည် အင်ဂျင်နီယာများ၊ ပညာရှင်များနှင့် စက်ရုံလုပ်ငန်းရှင်ပေါင်းများစွာ တက်ရောက်မည်ဖြစ်ပြီး ပြပွဲကို နို၀င်ဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ မင်းဓမ္မလမ်းရှိ Myanmar Event Parkတွင်ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ပြပွဲကို ပြသမည်ဖြစ်ပြီး ပြပွဲတွင် ရေနှင့်ရေသန့်စင်စနစ်ဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကုန်ပစ္စည်းများစွာကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှ Brand ပေါင်း ၂၀၀ကျော်ကိုတွေ့မြင်နိုင်လိမ့်မည်။

ပြပွဲတွင် လျှပ်စစ်စွမ်းအင်ပိုင်းထုတ်လုပ်မှုနယ်ပယ်နှင့် ရေသန့်စင်စနစ်များ ဆိုင်ရာနယ်ပယ်များအတွက် နိုင်ငံတကာမှ လာရောက်ပြသမည့် နိုင်ငံတကာပြပွဲကြီးဖြစ်သည့်အတွက် လေ့လာသူများအနေနှင့် နောက်ဆုံးပေါ် နည်းပညာနှင့် စက်ပစ္စည်းများ၊၀န်ဆောင်မှုများအစရှိသည် တို့ကို ယင်းပြပွဲတွင် ပြသခဲ့ပါသည်။

ထို့အပြင် ပြပွဲနှင့်အတူ MYANMAR ENGINEERING CONGRESS 2017 နညး်ပညာဟောပြောပွဲကိုလည်း ပထမဆုံးရက်တွင် ပြုလုပ်ခဲ့ပါသည်။

ထိုဟောပြောပွဲတွင် လျှပ်စစ်စွမ်းအင်စနစ်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သော ပညာရှင်များက GREEN ENERGY နှင့် ENERGY EFFICIENCY ခေါင်းစဉ်ဖြင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာများကို ဟောပြောခဲ့ပြီး ရေသန့်စင်ရေးဆိုင်ရာနယ်ပယ်အတွက် INDUSTRIAL WASTEWATER TREATMENT FOR SUSTAINABLE DEVELOPMENT ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

MYANENERGY 2017 နှင့် MYANWATER 2017 ပြပွဲကြီးတွင် DIAMOND SPONSOR များဖြစ်ကြသည့် Hitachi Aqua-Tech Engineering Pte Ltd, Hitachi Soe Electric & Machinery Co Ltd, Asia General Holding Co Ltd နှင့်Asia Power Quality Electric Co Ltd တို့ဖြစ်ပြီး GOLD SPONSOR များဖြစ်ကြသည့် Leo Pump, Myanmar Water Engineering & Products Co Ltd, MW Aqua Solutions, Wealthy Corporation, Aye Myat Chanthar and Tai Sinတို့ပါ၀င်ခဲ့ကြပြီး Cadoppi Pumps & Energy srl, Crown Tech အစရှိသည့် ကုမ္ပဏီကြီးများ ပါ၀င်ပြသခဲ့ကြောင်း သိရသည်။

Events & Exhibition Read 679 times