MyanmarWater 2017 အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ


27 September, 2017

တပ်မတော်ခန်းမတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၈ရက်ထိကျင်းပမည့် MyanmarWater 2017 အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

MyanmarWater 2017သည်မြန်မာနိုင်ငံ၏ ရေပေးဝေရေး၊ ရေဆိုုးသန့်စင်ရေးနှင့် သက်ဆိုင်သည့် ကဏ္ဍအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအားရည်စူး၍ စဉ်ဆက်မပြတ် တွန်းအားတစ်ခု အဖြစ် ၎င်း၏ (၅) ကြိမ်မြောက်ပြပွဲ အခမ်းအနားကို ကျင်းပရန်အတွက် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ တတိယအကြိမ်မြောက်အဖစြ် ကျင်းပသော ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နှင့် စွမ်းအင်အားထိရောက်စွာ အသုံးချခြင်း(RE EE) ပွဲနှင့်အတူ (၃) ရက်ကြာ ပြုလုပ်မည့် အဆိုပါအခမ်းအနားအား ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) မှ (၂၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်း နို်င်ငံတကာရေပေးဝေရေး၊ ရေဆိုးသန့်စင်ရေး၊ ရေအရင်းအမြစ်၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသည့် ရေဆိုးရေညစ်များအား သန့်စင်ရေး နည်းပညာ ပြပွဲ အဖြစ် MyanmarWater 2017 သည်နို်င်ငံပေါင်း(၂၀)မှ ကုမ္ပဏီပေါင်း(၁၈၀) ကျော်အားပြသနိုင်စရေန် ရည်မှန်းထားပါသည်။

ယင်းပြပွဲသည် တရုတ်၊ ဂျာမနီ၊ ဂျပန်၊ အစ္စရေး၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံများမှ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြခန်းပေါင်း(၈) ခုကို လည်း တစ်စုတစ်စည်းတည်း ပြသခွင့်ရစေမည် ဖြစ်သည်။

ရေနှင့် ရေဆိုးရေညစ်သန့်စင်ရေး ကဏ္ဍအတွင်းရှိ နိုင်ငံတကာနှင့် ပြည်တွင်းမှ အဓိကလုပ်ငန်းရှင်များစွာ ၎င်းတို့၏ ထုတ်ကုန်များ၊ နည်းပညာများ၊ ၀န်ဆောင်မှုများနှင့် တီထွင်ဆန်းသစ်မှုများအပေါ် ပြီးပြည့်စုံသော ခြုံငုံသုံးသပ်ချက်များကို တင်ပြပေးသွားကြမည်ဖြစ်သည်။

၎င်း၏ တတိယအကြိမ်မြောက် အောင်မြင်သော အစီအစဉ်အဖြစ် Renewable Energy and Energy Efficiency(RE EE) Myanmar 2017 သည်နေရောင်ခြည်စွမ်းအင်၊ ဇီဝဒြပ်ထုနှင့် ဇီဝလောင်စာ၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်နှင့် ဘူမိစွမ်းအင်အပါအဝင် စက်မှုလုပ်ငန်းရှိ ကဏ္ဍပေါင်းစုံမှ ၀န်ဆောင်မှုနည်းပညာများ၊ ကုန်စည်နှင့် ၀န်ဆောင်မှုကို ထောက်ပံ့ပေးသည့် အဖွဲ့များနှင့် ပစ္စည်းကိရိယာမျိုးစုံကို ပြသထားမည်ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်အတွက် စိန်ခေါ်မှုများအား ဆွေးနွေးအဖြေရှာရန်နှင့် ဖြေရှင်းနည်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စွမ်းအင်လုပ်ငန်းအတွက် မျှဝေပေးရန်နှင့် ဖြည့်စွက်ပေးသွားမည့် ပလက်ဖောင်းအား ထောက်ပံ့ပေးမည် ဖြစ်သည်။

ယခုနှစ် MyanmarWater 2017 Conference သည် ဘက်စုံရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ ကျေးလက်နှင့် မြို့ပြရေပေးဝေရေး စီမံခန့်ခွဲမှုနှင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော ရေဆိုးရေညစ်များ သန့်စင်ရေးစနစ်နှင့် သက်ဆိုင်သည့် ခြုံငုံသုံးသပ်ချက်များနှင့် ဖြေရှင်းရန်နည်းလမ်းများ အစရှိသည့် မြန်မာ့ရေလုပ်ငန်းမှ အဓိကကျသော အကြောင်းအရာများကို ဦးတည်ထားဆွေးနွေးမည် ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့သော တတိယကမ္ဘာများမှ ရေနှင့်ရေဆိုးသန့်စင်ရေးစနစ်တွင်ရင်းနှီးမြုပ်နှံမှုပြုခြင်းသည် စီးပွားရေးနှင့် လူမှုရေးအကျိုုး ရလဒ်များစွာကို ရရှိစေမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေနှင့်စွမ်းအင်အခြေခံ အဆောက်အဦး စီမံကိန်းများအား ဦးစားပေးဆောင်ရွက်ရန်နှင့် ကမ္ဘာအဆင့် အစိမ်းရောင်တိုင်းပြည်အဖြစ်သို့ ပြောင်းလဲရန် ရည်မှန်းချက်များရှိသည်နှင့်အမျှ MyanmarWater 2017 နှင့် RE EE Myanmar 2017 သည် မြန်မာနိုင်ငံနှင့် အနီးအနားရှိ အာဆီယံနိုင်ငံများမှ ရေနှင့် ပြန်လည် အသုံးပြုနိုင်သော စွမ်းအင်လုပ်ငန်း တိုးတက်နေမှု အလားအလာအား ရှာဖွေဖော်ထုတ်ရန်နှင့် ထိုအလားအလာများ အပေါ် အမြင်များနှင့် အတွေးအခေါ်များအား ဖလှယ်နို်င်စေရေးအတွက် စီးပွားရေးလုပ်ငန်းများနှင့် လူသူအများတို့ကို ဆုံစည်းစေရန် အထူးသင့်တော်သော အခွင့်အရေးများဖြစ်သည်။

Myanmarwater 2017 အား TSS Tokyo မှ Gold Sponsor အဖြစ်လည်းကောင်း၊ supreme Water Doctor Group မှ Sliver Sponsor အဖြစ်လည်းကောင်း စဉ်ဆက်မပြတ် ပံ့ပိုးကူညီ ထားပါသည်။

MyanmarWater 2017 နှင့် RE EE Myanmar 2017 တို့အားသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန(MONREC) မှထောက်ခံချက်ပေးထားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(MES)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(YCDC)၊ အပြည်ပြည်ဆိုင်ရာရေအသင်း(IWA)၊ SingaporeManufacturingFederation(SMF)၊ ထိုင်ဝမ်ပတ်ဝန်းကျင်ဆိုင်ရာ ထုတ်လုပ်သူများအသင်း(TEMA)၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်အသင်း(မြန်မာနိုင်ငံ)(REAM) နှင့်ကမ္ဘာ့ကုလသမ္မဂ စက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(UNIDO) တို့မှလည်း ထောက်ပံ့ကူညီပေးထားပါသည်။

www.myanwater.com (သို့) www.renewablenergymyanmar.com တွင်အွန်လိုင်းမှ ကြိုတင်စာရင်းပေးခြင်းဖြင့် အခမဲ့ တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

Local News Events & Exhibition Read 826 times