Myanmar Yatai မှ ရွှေကုက္ကိုတောင်ကြား နှင့် စပ်လျဉ်း၍ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်


16 May, 2023

Myanmar Yatai မှ ရွှေကုက္ကိုတောင်ကြားနှင့် စပ်လျဉ်း၍ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Myanmar Yatai International Holding Group Company Limited မှ ကရင်ပြည်နယ် ထိုင်းနိုင်ငံ နယ်စပ်အနီးရှိ ရွှေကုက္ကိုတောင်ကြားနှင့် စပ်လျဉ်း၍ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါသည်။
.
လတ်တလောတွင် ပြည်တွင်းပြည်ပ မီဒီယာ အများအပြားတို့သည် ကုမ္ပဏီနှင့် အချက်အလက်များ အတည်ပြုခြင်းလည်း မပြု၊ လေ့လာစုံစမ်းခြင်းလည်းမပြုဘဲ မှားယွင်းသော သတင်းများ၊ ကုမ္ပဏီ အသရေပျက်စေသည့် ဖော်ပြချက်များကို ထုတ်ဝေနေကြကြောင်း၊ ကုမ္ပဏီနှင့် Mr. She Zhijiang တို့၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်ပျက်စီးစေကြောင်း ရှင်းလင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ ကောလဟာလများ၊ မမှန်ကန်သော သတင်းများကို မယုံကြည်ကြရန်  ရှင်းလင်းချက်ကို ထုတ်ပြန်ရသည်ဟု ဆိုထားသည်။
.
Myanmar Yatai International Holding Group သည် မြန်မာနိုင်ငံသို့ ၂၀၁၇ တွင် စတင်ဝင်ရောက်ခဲ့သည်။
 မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် Myanmar Investment Commission MIC ထံမှ လက်မှတ်ရယူထားသည်။
 
 

 အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြတည်ဆောက်ရေးတွင် ကျွမ်းကျင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အားလျော်စွာ ကရင်ပြည်နယ် ရွှေကုက္ကိုတောင်ကြားတွင် တရားဝင် အိမ်ရာဖွံ့ဖြိုးရေးကို ဉပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကောင်အထည်ဖော်ခဲ့ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားသည်။
 
အွန်လိုင်း ဗီဒီယိုများ၊ ဆောင်းပါးများ အစရှိသည်တို့တွင် ဖော်ပြပါရှိသည့် လောင်းကစား ဒုစရိုက်နယ်မြေ "KK Park" နှင့် crime heaven” တို့သည် ကုမ္ပဏီနှင့်လည်းကောင်း၊ စီမံကိန်း ဧရိယာတွင် နေထိုင်သူတို့နှင့် မပတ်သက်ကြောင်း၊ Yatai ကုမ္ပဏီမှ အကောင်အထည်ဖော်သည့် ဇုန်သည် မြန်မာအစိုးရမှ တရားဝင် အသိအမှတ်ပြု ခွင့်ပြုထားကြောင်း၊ KK Park သည် စီမံကိန်း ဧရိယာထဲတွင် မဟုတ်ကြောင်း၊ ဘာဆိုဘာမှ မပတ်သက်ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
.
Mr. She Zhijiang သည် KK Park ၏ အကြီးအကဲဖြစ်ကြောင်း စွပ်စွဲမှုသည် မမှန်ဘဲ ကြီးလေးသော အသရေဖျက်မှုဖြစ်သည်ဟု ရှင်းလင်းချက်တွင် ဆိုထားပါသည်။



Mr. She Zhijiang သည် ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသား ခံယူရရှိခဲ့ပြီး မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံအသီးသီးတွင် စီးပွားရေးလုပ်ကိုင်ခဲ့သည်။ သူသည် တရုတ်နိုင်ငံသားအဖြစ်ကို ၂၀၁၉ ခုနှစ်တွင်တရားဝင် စွန့်လွှတ်ခဲ့သည်။ 
.
တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသားများကို အခြားနိုင်ငံသားအဖြစ် ခံယူပြီး နိုင်ငံနှစ်ခု၏ နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။ ပြည်ပနိုင်ငံတွင် နိုင်ငံသားအဖြစ်ကို ခံယူပါက တရုတ်နိုင်ငံသားအဖြစ်ကို အလိုအလျောက် ဆုံးရှုံးပါသည်။ 
,
တရားမဝင် အွန်လိုင်းလောင်ကစားလုပ်ငန်း လုပ်ကိုင်သည့်အမှုဖြင့် တရုတ်နိုင်ငံမှ အလိုရှိနေသည့် တရားခံပြေး အသက် ၄၀ နှစ် She Zhijiang ကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းမီဒီယာမှ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် သတင်းဖော်ပြပါသည်။ သူ့ကို တရုတ်နိုင်ငံသို့ မကြာမီ လွှဲအပ်မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က  ရိုက်တာသတင်းမီဒီယာသို့ ပြောကြားခဲ့သည်။
ထိုကိစ္စနှင့် စပ်လျဉ်း၍ မစ္စတာ She Zhijiang သည် တရုတ်နိုင်ငံသား မဟုတ်တော့ကြောင်း ကြေညာထားပြီး ဖြစ်သဖြင့် တရုတ်အာဏာပိုင်တို့၏ တရားခံလွှဲပြောင်းရေး တောင်းဆိုမှုကို လူသိရှင်ကြား အကဲဖြတ်ရန် လိုအပ်ကြောင်း ရှင်းလင်းချက်တွင် တောင်းဆိုထားသည်။
.
Myanmar Yatai International Holding Group မှ ပရဟိတအတွက် လှူဒါန်းမှုများ ပြုခဲ့ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားသည်။ အလုပ်အကိုင် ၁ သိန်းကျော် ဖန်တီးပေးကြောင်းလည်း ဖော်ပြထားသည်။


.
 ကရင်ပြည်နယ် ရွှေကုက္ကိုတောင်ကြားကို မြို့အဖြစ် အဆင့်မြှင့်တင်ရန် မြန်မာအစိုးရက အစီအစဉ်ရှိကြောင်း၊ ၎င်းအဆင့်မြှင့်တင်မှုသည် Yatai ၏ ကျိုးကြောင်းဆီလျော်ပြီး တရားဝင်မြို့ပြတည်ဆောက်မှုကို အသိအမှတ်ပြုရုံသာမက  ဒေသခံပြည်သူများ၏ လူနေမှု အဆင့်အတန်း တိုးတက်လာမှုကိုလည်း Yatai မှ ဆောင်ကြဉ်းပေးသည်ကို သက်သေတည်ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
 .
 "Yatai သည် အခြားသောဇုန်များနှင့်အတူ ရာဇ၀တ်မှု အမျိုးမျိုးတွင် ပါဝင်နေသည်" ဟူသော သတင်းများသည် မှားယွင်းပြီး လုပ်ကြံဖန်တီးထားခြင်း ဖြစ်ကြောင်း၊ Yatai သို့ လာရောက်သူများအားလုံးတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အခွင့်အရေးများ အပြည့်ရှိပြီး ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူကုန်ကူးခြင်းကဲ့သို့သော ဖြစ်ရပ်များသည် ကုမ္ပဏီနှင့် ဘာမှမဆိုင်ပါကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားပါသည်။
Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 459 times