မြန်မာရိုးရာ ညှပ်ဖိနပ်


17 November, 2016

ထိုလုပ်ငန်းကို မန္တလေးမြို့၊အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် လုပ်ကိုင်နေသောလုပ်ငန်းဖြစ်ပါသည်။

ယင်းလုပ်ငန်းကို လွန်ခဲ့သော ၁၆ နှစ်လောက်မှစတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထိုပွင့်ဖူးဝါမန္တလေးဖိနပ်လုပ်ငန်းတွင် ကတ္တီပါနှင့်ပြုလုပ်သည့် မိန်းမစီး၊ ယောက်ျားစီး၊ ကလေးစီးစသည့် ကတ္တီပါဖိနပ်မျိုးစုံကို ထုတ်လုပ်သည် ဟုသိရသည်။

ယင်းကတ္တီပါဖိနပ်ကို ထုတ်လုပ်ရန် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ကတ္တီပါ၊ ဖိုက်ဘာ၊ အောက်ပိတ်အတွက် ကလစ်(သို့)သရေစိမ်း၊ ဖော့ခံ၊ ကျွတ်၊ ကွန်ပေါင်း အစရှိသည့် ပစ္စည်းများလိုအပ်ကြောင်းသိရသည်။

ဒေါက်ဖိနပ်များအတွက် ဒေါက်ကို အပြင်မှအဆင်သင့်ဝယ်ယူတပ်ဆင်ရကြောင်းသိရသည်။

ယင်းပွင့်ဖူးဝါဖိနပ်လုပ်ငန်းမှ ထုတ်လုပ်သည့် ဖိနပ်တန်ဖိုးမှာ တရံလျှင်ကျပ်ငွေ ၁၁၀၀ မှ ၂၈၀၀ ကျပ်ရှိပြီး ဒေါက်ဖိနပ်တရံလျှင် ကျပ်ငွေ ၃၀၀၀ ကျပ်ရှိကြောင်းသိရသည်။

How To Read 4467 times