နေရာတိုင်းတွင် Online စနစ်ဖြင့် အသုံးပြုနိုင်မည့် Myanmar Tradenet 2.0 စနစ် မိတ်ဆက်


12 November, 2020

 ပို့ကုန်သွင်းကုန်မှတ်ပုံတင်ကတ်နှင့် ဆက်စပ်ကတ်များမှတ်ပုံတင်ခြင်း၊ ပို့ကုန်သွင်း ကုန် လိုင်စင်ပါမစ်များအား Online စနစ်ဖြင့် လျှောက်ထားထုတ်ပေးနိုင်မည့် Myanmar Tradenet 2.0 စနစ်အား စတင်မိတ်ဆက်ခြင်း၊ Soft Launch ပြုလုပ်သည့် အခမ်းအနားအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဦးစီးဌာန (၃၂) ခုရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး များ (၇၀) ဦး၊ ရန်ကုန်ဘက်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဌများနှင့် ကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်း ရှင်များ၊ စနစ်အကောင်အထည်ဖော်ရန် ပံ့ပိုးပေးသည့် USAID မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး Ms. Aler Grubbs နှင့်တာဝန်ရှိသူများ၊ စနစ်အကောင်အထည်ဖော်ပေး သည့် Information Matrix Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ နှင့် တာဝန်ရှိသူများ၊ MPU၊ KBZ၊ MCB နှင့် Ayeyarwaddy ဘဏ်များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ပ မြန်မာနိုင်ငံသံရုံးများရှိ စီးပွားရေးသံမှူးများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ စခန်း တာဝန်ခံနှင့်တာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ပြင်ပသတင်းမီဒီယာဌာနများ အပါအဝင် အခမ်းအနားသို့ စုစုပေါင်း တက်ရောက်သူ (၄၇၀) ဦး တက်ရောက်ခဲ့ပါသည်။

 အခမ်းအနားအစီအစဉ်များကို ပထမပိုင်းနှင့် ဒုတိယပိုင်း (၂) ပိုင်းဖြင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ပထမပိုင်းကို နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ က အမှာစကားပြောကြားခြင်း၊

Myanmar Tradenet 2.0 စနစ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် Financial Support ပေးသည့် USAID ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Ms. Aler Grubbs က ပြောကြားခြင်း၊

ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က Myanmar Tradenet 2.0 အကောင်အထည်ဖော်ဆောင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ Myanmar Tradenet 2.0 Soft Launch စတင်ခြင်းကို Virtual စနစ်ဖြင့် ဖွင့်လှစ်ပေးခြင်း၊

Myanmar Tradenet 2.0 စနစ်အား Video Clip File ဖြင့် ရှင်းလင်းတင်ပြခြင်း၊ အခမ်းအနားတက်ရောက်သူ အကြီးအကဲများ စုပေါင်းဓာတ်ပုံရိုက်ကူး ခြင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒုတိယပိုင်းအနေဖြင့် Virtual Online ဖြင့် တက်ရောက် သူများ နှင့် မီဒီယာများမှမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း အစီအစဉ်ကို နံနက် (၁၁ : ၁၀) တွင် စတင်ခဲ့ပြီး Myanmar Tradenet 2.0 စနစ် မိတ်ဆက်ခြင်းအခမ်းအနားကို (၁၂ : ၃၀) တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Local News Events & Exhibition Read 750 times