Myanmar Taiwan Business Matching ပွဲအတွက် ပြည်တွင်းအလတ်စားလုပ်ငန်းများကို ထိုင်ဝမ်ကမ်းလှမ်း


25 February, 2019

Myanmar Taiwan Business Matching ပွဲအတွက် ပြည်တွင်းအလတ်စားလုပ်ငန်းများကို ထိုင်ဝမ်ကမ်းလှမ်းထားတယ်လို့ စက်မှုဝန်ကြီးဌာနထံကသိရပါတယ်။

ထိုင်ဝမ်မှာပြုလုပ်မည့် Myanmar Taiwan Business Matching ပွဲအတွက် စိန်တလုံးသရက်၊ နှမ်း၊ မိချောင်း ကွမ်းဖက်၊ ရော်ဘာ၊ ကြိမ်ဝါးဖြန့်ဖြူးရောင်းချလျက်ရှိသည့် အလတ်စားစီးပွားရေးလုပ်ငန်းများကို Taiwan မှကမ်းလှမ်းထားတာဖြစ်ပါတယ်။

Myanmar Taiwan Business Matching & Visit Trip သို့ တက်ရောက်ပြီး ဈေးကွက်ချိတ်ဆက်လိုသည့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသွား/အပြန် လေယာဉ်လက်မှတ်ခကိုသာ ကျခံရမှာဖြစ်ပြီး တည်းခိုစရိတ်၊ စားသောက်စရိတ် စတဲ့ကုန်ကျစရိတ်တွေကို ထိုင်ဝမ်ဘက်မှ ကျခံပေးသွားမှာဖြစ်ပါတယ်။

စိန်တလုံးသရက်၊ နှမ်း၊ မိချောင်းကွမ်းဖက်၊ ရော်ဘာ၊ ကြိမ်ဝါးများကို ဖြန့်ဖြူးရောင်းချလျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Myanmar Taiwan Business Matching &Visit Trip သို့တက်ရောက်ပြီး ဈေးကွက်ချိတ်ဆက်လိုပါက (၂၈.၂.၂၀၁၉) ရက်နေ့နောက်ဆုံးထားပြီး စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတွေထံကို ဆက်သွယ်ရမှာဖြစ်ပါတယ်။

ဆက်သွယ်စာရင်းပေးသွင်းထားသည့် လုပ်ငန်းရှင်များအနေဖြင့် (၂.၃.၂၀၁၉) ရက်နေ့တွင် SME Center ၊ အမှတ်(၅၃)၊ မင်းဓမ္မလမ်းနဲ့ကျိုက်ဝိုင်းဘုရားလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လာရောက်ပြီး ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်

ဒေါ်အိအိခိုင်၊ ဌာနခွဲမှူး၊ ဖုန်း ၀၉-၄၂၃၇၂၁၅၉၀ ၊

ဒေါ်အေးသန္တာ၊ ကြီးကြပ်ရေးမှူး၊ ဖုန်း ၀၉-၅၀၃၄၄၉၉

SFJ Journal

Events & Exhibition Read 382 times