Myanmar Strategic Holdings အမည်ပြောင်းမည်


29 October, 2021

Myanmar Strategic Holdings (MSH) က အမည်ပြောင်းရန် စီစဉ်နေပြီး အမည်ကို Asia Strategic Holdings ဟု ပြောင်းလဲမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 အကျပ်အတည်းနှင့် အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်ငြိမ် မသေချာမရာခြင်းတို့၏ ထိခိုက်မှု ရှိနေဆဲဖြစါသဖြင့် ဒေသတွင်း ချဲ့ထွင်ရန် အမည်အသစ် ခံယူခြင်း ဖြစ်သည်။

MSH သည် မြန်မာပြည်တွင်း ဈေးကွက်ကို စူးစိုက်ခဲ့သည်။ ပင်လယ်ရပ်ခြားသို့လည်း ပြီးခဲ့သည့်နှစ်က ချဲ့ထွင်ခဲ့ရာ ဗီယက်နမ်အခြေစိုက် အင်္ဂလိပ်စာ သင်တန်းပေးသည့် Wall Street English ကို ဝယ်ယူခဲ့သည်။ ယခုအခါ MSH ဝင်ငွေ၏ ၅၀% ကျော်ကို ဗီယက်နမ်နိုင်ငံမှ ရရှိသည်။
Asia Strategic Holdings ကို ဒေသတွင်း ပညာရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမှတ်တံဆိပ် ထူထောင်တည်ဆောက်မည် ဖြစ်သည်။

ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ Wall Street English လုပ်ငန်းခွဲကို ပိုင်ဆိုင်ထားသည်။ Auston College Myanmar ကိုလည်း လုပ်ကိုင်လျက် ရှိသည်။ ထို့ပြင် Yangon American International School , EXERA နှင့် Ostello Bello တို့ကိုလည်း လုပ်ကိုင်သည်။

London Stock Exchange တွင် စာရင်းဝင်သော လုပ်ငန်းတစ်ခု ဖြစ်ပြီး အမည်ပြောင်းရန်အတွက် ဒီဇင်ဘာလ ၆ ရက်တွင် ရှယ်ယာပိုင်ရှင်များကို အဆိုပြုမည် ဖြစ်သည်။

Local News Read 451 times