၂၀၁၂ ခုနှစ်မှစတင်ပြီး ဂျာမနီ-မြန်မာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးက အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက်လုပ်ဆောင်ပေးပြီး မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍ၊ဘဏ္ဍာရေး နှင့် ဘဏ်လုပ်ငန်းကဏ္ဍများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊စက်မှုသက်မွေးပညာဆိုင်ရာ သင်တန်းကျောင်း၊အရည်အသွေးမီ အခြေခံအဆောက်အအုံတွေနဲ့ ရေရှည်တည်တံ့သော သတ္တုလုပ်ငန်းအစရှိတဲ့ စီမံကိန်းတွေအတွက် ပံ့ပိုးပေးနေတာပါ ။
“၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး မြန်မာ-ဂျာမနီဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူဦးရေတစ်သိန်းကျော်ဟာ ရာသီပတ်လုံး လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်စွာရရှိခြင်း၊ကျောင်းသားပေါင်း ၄ဝဝဝ ကျော်ဟာ စက်ကိရိယာပြည့်စုံပြီး စနစ်တကျရှိတဲ့သက်မွေးသင်တန်းကျောင်းတွေမှာ စာသင်နိုင်ခြင်း၊ ရှမ်းပြည်နယ်က လက်ဖက်စိုက်ပျိုးရေးသမားတွေဟာ ဥရောပဈေးကွက်ကို လက်လှမ်းမီလာနိုင်ခြင်းစတဲ့ အရေးကြီးတဲ့မှတ်တိုင်တွေကို အောင်မြင်ခဲ့ပါတယ်”လို့ ဂျာမနီစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးဌာနအကြီးအကဲ Jutta Kranz-Plote ကပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ဂျာမနီနိုင်ငံဟာ ရခိုင်ပြည်နယ်၊ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ စီမံကိန်းလေးခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စုစုပေါင်း ယူရို ၁၂.၉ သန်း (အမေရိကန်ဒေါ်လာ ၁၄.၅ သန်းခန့်) ပမာဏကို လှူဒါန်းခဲ့တဲ့အပြင် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အစီအစဉ်တွေအတွက် ယူရို ၆.၁ သန်း (အမေရိကန်ဒေါ်လာ ၆.၉ သန်း) ကို ခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။
KUMUDRA