COVID-19 Fund မှ ခွင့်ပြုချေးငွေထုတ်ယူရန် လိုအပ်သည့်အချက်အလက်များ


22 June, 2020

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ချေးငွေခွင့်ပြုခြင်းခံရသည့် လုပ်ငန်းများသည် ဘဏ်၌ငွေထုတ်ယူနိုင်ရန်အတွက် ပထမဦးစွာ နေပြည်တော်ကော်မတီမှပေးပို့လာမည့် “ခွင့်ပြုချေးငွေစာအိတ်” ကို မိမိတို့ချေးငွေလျှောက်လွှာတင်ခဲ့သည့် သက်ဆိုင်ရာရုံးများ၌ သွားရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

အဆိုပါခွင့်ပြုချေးငွေစာအိတ်များကို ထုတ်ယူရန်အတွက် လိုအပ်သည့်အသေးစိတ်အချက်အလက်များကို သိရှိနိုင်ပါရန် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

ပုံစံ (၁)

ရန်ကုန် UMFCCI ရုံး (သို့) Online မှ ချေးငွေလျှောက်ထားသူများအတွက် ခွင့်ပြုချေးငွေထုတ်ယူရန် လိုအပ်သည့်အချက်အလက်များ

ပုံစံ (၂)

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်သည်စက်မှုအသင်းရုံးများမှ ချေးငွေလျှောက်ထားသူများအတွက် ခွင့်ပြုချေးငွေထုတ်ယူရန် လိုအပ်သည့်အချက်အလက်များ

(မှတ်ချက် - Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေခွင့်ပြုခြင်းခံရသည့် ဆဌမအသုတ်တွင်ပါဝင်သော လုပ်ငန်း (၂၀၇၈) ခုအနက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် Online မှ လျှောက်ထားသူများသည် ယနေ့ ဇွန်လ ၂၂ရက်မှ စတင်၍ ချေးငွေစာအိတ်များကို UMFCCI ရုံးတွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။)

ကုန်သည်စက်မှုအသင်းချုပ်

No photo description available.

Tips Banking & Loan Read 2119 times