မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်းချေးငွေကဏ္ဍတွင် မြန်မာ့ရှေ့ဆောင်ဘဏ်အား ဈေးကွက်ဦးဆောင်သူ ဖြစ်လာစေရန်နှင့် အသေးစားနှင့်အလတ်စား၊ စီးပွားလုပ်ငန်းချေးငွေအကောင်အထည်ဖော်နိုင်ရန် German Development Bank (KfW) နှင့် ဂျာမန်ဘဏ်လုပ်ငန်းဆိုင်ရာအတိုင်ပင်ခံအဖွဲ့အစည်းမှ ကူညီထောက်ပံ့ကြောင်း သိရပါတယ်။
ရောင်းဝယ်ရေး၊ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများမှ အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်းများအတွက် မြန်မာ့ရှေ့ဆောင် ဘဏ် (MAB) ၏ ပထမဦးဆုံးသော အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်းချေးငွေဌာန(SME Centre)အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက် နေ့၌သီရိမင်္ဂလာဈေးသစ်အနီးရှိ မြန်မာ့ရှေ့ဆောင်ဘဏ် သီရိမင်္ဂလာဈေးဘဏ်ခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ရှေ့ ဆောင်ဘဏ်တွင် ချေးငွေအမျိုးအစား(၂)ခု ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး ပထမအမျိုးအစားမှာ ကုန်ပစ္စည်းနှင့် ကုန်ကြမ်းများကိုဝယ်ယူရန်ရည်ရွယ်၍သော်လည်းကောင်း၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစ ရိတ်များဖြစ်သည့် လစာ၊ လျှပ်စစ်မီတာစသည်တို့ကို ရည်ရွယ်၍သော်လည်းကောင်း လျှောက်ထားလာသည့် လုပ်ငန်းလည်ပတ်အရင်းအနှီး(working capital)အတွက်ဖြစ်ပြီး ဒုတိယအမျိုးအစား မှာ ၊ ကာလရှည်ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့်စက်ပစ္စည်း ကိရိယာတန်ဆာပလာ ဝယ်ယူမှုအပါအဝင် စီးပွားလုပ်ငန်းပိုင်ဆိုင်မှုများ(အိမ်၊ ခြံမြေစသဖြင့်)ဝယ်ယူရန် လျှောက်ထားလာမှုများအ တွက်ဖြစ်ပါတယ်။ ချေးငွေပမာဏသည် ၊ ကျပ်ငွေ ၁၀သန်းမှ သန်း ၅၀ဝ အထိဖြစ်ပြီး ပြန်လည်ပေးချေမှုသက်တမ်း မှာ အများဆုံး(၅) နှစ်ဖြစ်ကြောင်း သိရပါတယ်။
အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်းချေးငွေကမ်းလှမ်းမှု အသစ်နှင့်အတူ မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၎င်း၏ customer များဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကောင်းမွန်သည့် ရေရှည်ဆက်ဆံရေးတစ်ခုကို တည်ဆောက်သွား မည်ဖြစ်ပြီး ၎င်းကဲ့သို့အသေးစားနှင့်အလတ်စားစီးပွားလုပ်ငန်းများထံ ချေးငွေပံ့ပိုးပေးခြင်းသည် များစွာအလားအလာရှိသည့် စီးပွားလုပ်ငန်းပုံစံတစ်ခုဖြစ်သည်ဟု ယူဆထားပါတယ်။
Customer ၏ ချေးငွေပြန်ဆပ်နိုင်မှု စွမ်းရည်အပေါ်ကိုအထူးအလေးပေးအာရုံစိုက်သည့် ဝင်ငွေထွက်ငွေစီးဆင်းမှုကိုအခြေခံထားသော ချေးငွေအမျိုးအစားအသစ်တစ်ရပ်ကို ၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှဂျာမန်ဘဏ်လုပ်ငန်းဆိုင်ရာအတိုင်အပင်ခံအဖွဲ့အစည်း၏ ကူညီထောက်ပံ့ မှုဖြင့် မိတ်ဆက်သွားမည်ဖြစ်ပြီး ၎င်းသည် မြန်မာ့ရှေ့ ဆောင်ဘဏ်၏ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုများပြားလှသည့် စီးပွားလုပ်ငန်းရှင် customer များအတွက် လျှောက်ထားခွင့် ရရှိနိုင်ရန် အထောက်အကူဖြစ်စေပါတယ်။
IPC(International Project Consult) နှင့် SBFIC(Savings Banks Foundation for International Cooperation) အစရှိသည့် ကုမ္ပဏီ(၂)ခုဖြင့်ဖွဲ့စည်း ထားသည့် ဂျာမန်ဘဏ်လုပ်ငန်းဆိုင်ရာ အတိုင်အပင်ခံအဖွဲ့အစည်းသည် မြန်မာ့ရှေ့ ဆောင်ဘဏ်နှင့် ပြီးခဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ၊ စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်းစီမံကိန်းသည် လပေါင်း(၃၀) ကြာမြင့်မှာဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီ(၂)ခု သည် နိုင်ငံအသီးသီးမှ အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်းချေးငွေနှင့် စပ်လျဉ်းသည့် များပြားလှသည့်အတွေ့အကြုံများနှင့် အသေးစားနှင့်အလတ်စားစီးပွားဘဏ်လုပ်ငန်းဆိုင်ရာ၊ဗဟုသုတစွမ်းရည်ကောင်းများစွာပိုင်ဆိုင်ထားပြီး German Development Bank(KfW)သည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ အသေးစားနှင့်အလတ်စား စီးပွားလုပ်ငန်းချေးငွေ စီမံကိန်းအတွက် ကျပ်ငွေ ၁၀ ဘီလီယံကူညီထောက်ပံ့ပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၎င်း၏ နောက်ထပ် အသေးစားနှင့်အလတ်စားစီးပွားလုပ်ငန်းချေးငွေဌာန (SME Centre)များကို မကြာမီကာလတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။