မြန်မာဗဟိုဘဏ် လုပ်ဆောင်ချက်ကြောင့် ထိုင်း ပြည်ပတင်ပို့မှု သိသိသာသာမထိခိုက်ဟုဆို


22 July, 2022

မြန်မာဗဟိုဘဏ် လုပ်ဆောင်ချက်ကြောင့် ထိုင်း ပြည်ပတင်ပို့မှု သိသိသာသာမထိခိုက်ဟုဆို

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကုမ္ပဏီများနှင့် တစ်ဦးချင်း ငွေချေးသူများက နိုင်ငံခြားချေးငွေများ ပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ထားပါတယ်။ နိုင်ငံ၏ နိုင်ငံခြားသုံးငေွ အရန်ငွေ လျော့နည်းလာနေတာကို ထိန်းတဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး ထိုလုပ်ဆောင်ချက်ကြောင့် ထိုင်းပို့ကုန်များအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှု မရှိကြောင်း ထိုင်းနိုင်ငံ အမျိုးသား ကုန်စည်စလှယ် တင်ပို့သူများကောင်စီ Thai National Shippers' Council (TNSC) က ပြောကြားပါတယ်။ 

TNSC ၏ ဥက္ကဋ္ဌ Chaichan Chareonsuk က မြန်မာနိုင်ငံသို့ တင်ပို့တဲ့ ထိုင်းပို့ကုန်တန်ဖိုးပမာဏက ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ ရှိခဲ့ပြီး ထိုင်းနိုင်ငံ ပို့ကုန်တန်ဖိုး စုစုပေါင်းရဲ့  ၁.၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ သို့ဖြစ်ရာ မြန်မာနိုင်ငံရဒ့ နိုင်ငံခြားချေးငွေပြန်ဆပ်မှု ဆိုင်းငံ့တဲ့ လုပ်ဆောင်ချက် ထိုင်းနိုင်ငံ ပြည်ပတင်ပို့မှုအတွက် သက်ရောက်မှုမှာ အနည်းငယ်သာ ရှိပါလိမ့်မယ်လို့ ဆိုပါတယ်။ 
မြန်မာနိုင်ငံသို့ ထိုင်းမှ တင်ပို့သည့် ကုန်ပစ္စည်းများမှာ အဓိကအားဖြင့် ဆီ၊ အဖျော်ယမကာများ၊ ဓာတုပစ္စည်းများ၊ ပလပ်စတစ်‌ေကာ်‌ေစ့များ၊ သံမဏိပစ္စည်းများ၊ အလှကုန်၊ ဆပ်ပြာနှင့် အသားအရေထိန်းသိမ်း‌ေစာင့်‌ေရှာက်မှုဆိုင်ရာ ထုတ်ကုန်များ ဖြစ်ပါတယ်။ 
နယ်ခြားကုန်သွယ်ရေးမှာ ပစ္စည်းမပို့ခင် ငွေသားဖြင့် ပေးချေကြတာကြောင့် ဗဟိုဘဏ် လုပ်ဆောင်ချက်က ထိခိုက်နိုင်ဖွယ် မရှိဘူးလို့ Mr Chaichan က ဆိုပါတယ်။

"အခု ပိုကြီးမားတဲ့စိုးရိမ်စရာက မြန်မာနိုင်ငံက တင်းကျပ်တဲ့ သွင်းကုန်မူဝါဒကို လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း ကျင့်သုံးခဲ့တာက နိုင်ငံကို တင်ပို့ရာမှာ အဆင်မပြေမှုတွေ ဖြစ်စေတယ်” ဟု ၎င်းက ပြောကြားပါတယ်။ 

TNSC အနေဖြင့် ထိုင်းပို့ကုန်များ ယခုနှစ်တွင် ဘတ်ငွေ အားနည်းမှုနှင့် တရုတ်နိုင်ငံ၏ GDP တိုးတက်မည်ဟု မျှော်မှန်းထားခြင်းတို့ကြောင့် ၁၀% တက်လာမည်ဟု ယုံကြည်ကြောင်း Mr Chaichan က ပြောကြားခဲ့သည်။

ထိုင်းကုန်သည်ကြီးများအသင်း နိုင်ငံတကာကုန်သွယ်မှုလေ့လာရေးတက္ကသိုလ်မှ ညွှန်ကြားရေးမှူး Aat Pisanwanich က ပြောကြားရာတွင် မြန်မာအစိုးရသည် ချေးငွေပြန်ဆပ်ခြင်းအပေါ် အမေရိကန် ဒေါ်လာဖြင့်သာ အာရုံစိုက်ထားကြောင်း၊ လိုအပ်သော ကုန်ပစ္စည်းများ၊ စားသောက်ကုန်နှင့် နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူခြင်းများကို အမေရိကန်ဒေါ်လာဖြင့် ပေးဆောင်ရန် ခွင့်ပြုထားသည်။ 
"လွန်ခဲ့တဲ့ ငါးလအတွင်း မြန်မာနိုင်ငံသို့ ထိုင်းပို့ကုန်များ တိုးလာခဲ့ပါတယ်။  ထိုင်းပို့ကုန်များအပေါ် သက်ရောက်မှုမှာ အနည်းငယ်မျှသာ ရှိလိမ့်မယ်" ဟု  Aat Pisanwanich က ပြောကြားသည်။ 
"မြန်မာနိုင်ငံရဲ့  ထိုင်းမှ တင်သွင်းမှုမှာ အဓိကအားဖြင့် ဆီအပါအဝင် နေ့စဉ်အသုံးပြုရန်  လိုအပ်သော ထုတ်ကုန်များဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်ကစလို့  မြန်မာနိုင်ငံမှာ ထိုင်းရင်းနှီးမြှုပ်နှံမှုအသစ်များ ဖြစ်လာနိုင်ဖွယ်မရှိတော့ဘူး" လို့ ၎င်းက ပြောကြားပါသည်။ 

ယခုနှစ် ပထမ ၅ လတာအတွင်း မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ တင်ပို့မှုသည် ၂၁.၁ % တိုးခဲ့ပြီး ကန်ဒေါ်လာ ၂.၀၇ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံမှ တင်သွင်းမှုသည်လည်း ၂၂.၆ % တိုးခဲ့ပြီး ကန်ဒေါ်လာ ၁.၅၁ ဘီလီယံဖိုး တင်သွင်းခဲ့သည်။ 
ယမန်နှစ် ၂၀၂၁ တွင် ထိုင်းမှ မြန်မာသို့ ကန်ဒေါ်လာ ၄.၃၁ ဘီလီယံဖိုး တင်ပို့ခဲ့သည်။  ၂၀၂၀ ထက် ၁၃.၇%  ပိုများသည်။ 

ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ  Sanan Angubolkul က နိုင်ငံခြားငွေဖြင့် ၀င်ငွေရယူကြသော ကုမ္ပဏီများသည် အကြီးမားဆုံး သက်ရောက်မှုကို မြင်တွေ့ရဖွယ်ရှိကြောင်း သတိပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အကြွေးပြန်ဆပ်မှု ဆိုင်းငံ့မှု အစီအစဉ်သည် နိုင်ငံတွင်း ကုန်ချောထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများ တင်သွင်းရယူရန် နှင့် ၎င်းတို့၏ ငွေသားစီးဆင်းမှုနှင့် ငွေလုံးငွေရင်း ထူထောင်ခြင်းတို့ကို ထိခိုက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Source:bangkokpost

Export, Import Read 1086 times