မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းရုံးခန်း ဖွင့်လှစ်


21 June, 2023

မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းရုံးခန်း ဖွင့်လှစ်

 

မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း (Myanmar Iron and Steel Association)  ရုံးခန်းကို ကုန်သည်စက်မှုအသင်းချုပ်‌၏ (၁၃)လွှာ၌ ဇွန်လ (၂၁) ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပါသည်။
.
မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းသည် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း(MIA) ၏လုပ်ငန်းတူ CLUSTER အစုအဖွဲ့အဖြစ် ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အသိအမှတ်ပြုထားပြီးဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းအနေဖြင့် The South East Asia Iron and Steel Institute(SEAISI) တွင်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး အရှေ့တောင်အာရှ သံနှင့်သံမဏိ အသင်းဝင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ 

  • သံနှင့်သံမဏိလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစံချိန်စံညွှန်းကို အကောင်အထည်ဖော်ပြီး သံနှင့် သံမဏိလုပ်ငန်းဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်၊ 
  • သံနှင့်သံမဏိပစ္စည်းများကို နိုင်ငံတကာစံချိန်မီသည့် အရည်အသွေးထုတ်လုပ်ရန်၊ အသင်းဝင်များအတွက် ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပစေပြီး နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း၊ နိုင်ငံများ၏ သံနှင့် သံမဏိသတင်းအချက်အလက်များ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းများဖြန့်ဝေနိုင်ရန်၊ 
  • ပြည်တွင်းသံ၊သံမဏိထုတ်လုပ်ခြင်းအတွက် လိုအပ်သော တည်ဆောက်မှုဆိုင်ရာများ၊ ထုတ်လုပ်မှုဆိုင်ရာ၊ ထုတ်လုပ်မှုနည်းပညာများအတွက် ပံ့ပိုးကူညီရန်နှင့် 
  • Small and Medium သံ သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သော ကူညီပံ့ပိုးမှုများပေးရန်

တို့ဖြစ်ပါသည်။
      
ရုံးဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်း ဥက္ကဌ ဒေါက်တာကေသီလွင်၊ အထွေထွေအတွင်းရေးမှုး ဦးအေးသီဟ၊ MIA အသင်းဥက္ကဌ ဦးအေးထွန်း၊မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အသင်းဝင်ကုမ္ပဏီများ၊ ဖိတ်ကြားထားသည့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Local News Read 633 times